ပြည်သူမှပြည်သူသို့ မျှဝေခြင်း အစီအစဉ်အရ ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ အခြေခံပြည်သူများအား ဆန်၊ ဆီနှင့် စားသောက်ကုန်ပစ္စည်းများ လှူဒါန်း

ရန်ကုန် ၂၄ အောက်တိုဘာ

 

ပြည်သူမှပြည်သူသို့ မျှဝေခြင်းအစီအစဉ်အနေဖြင့် EXCELLENT FORTUNE DEVELOPMENT GROUP (EFD GROUP) နှင့် EXCELLENT FORTUNE FOUNDATION (EFF FOUNDATION) ဥက္ကဋ္ဌ ဦးစိုင်းမျိုးဝင်းမိသားစုမှ အောက်တိုဘာ ၁၇ ရက်မှစတင်ကာ ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ မြို့နယ် ၈ မြို့မှ အခြေခံပြည်သူများအား ဆန်၊ ဆီအပါအဝင် စားသောက်ကုန်ပစ္စည်းများအား အိမ်တိုင်ရာရောက် ပို့ဆောင်လှူဒါန်းခဲ့ကြောင်း သိရသည်။

အခုအလှူကတော့ အောက်တိုဘာ ၁၇ ရက်ကစပြီး  ယနေ့အထိ ရန်ကုန်တိုင်းဒေသကြီးအတွင်းမှာ ရှိတဲ့ မြို့နယ် ၈ မြို့နယ်က လက်လုပ်လက်စား ပြည်သူတွေအတွက် ဆန်၊ ဆီ  အပါအဝင် အခြေခံစားသောက်ကုန်တွေ လှူဒါန်းတာဖြစ်ပါတယ်။ အခုချိန်မှာ ကျွန်တော်တို့အားလုံး ဒီ ကိုဗစ်-၁၉ ကပ်ရောဂါဆိုးကြီးကို အတူတူ ရင်ဆိုင်ကျော်ဖြတ်နေကြရပါတယ်။ တော်တော်များများက အလုပ်တွေနားထားရပြီး အိမ်ထဲမှာပဲ နေကြရတာဖြစ်လို့  တစ်ချို့သောသူတွေ အစားအစာအတွက် အခက်အခဲ ဖြစ်နေကြမယ်ဆိုတာ ကျွန်တော်ကိုယ်ချင်းစာစိတ်နဲ့အခုလို လှူဒါန်းရခြင်းဖြစ်ပါတယ်"ဟု ဥက္ကဋ္ဌ ဦးစိုင်းမျိုးဝင်း ပြောသည်။

ယခုလှူဒါန်းမှုကို အောက်တိုဘာ ၁၇ ရက်မှ စတင်ကာ ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ မင်္ဂလာဒုံ၊ ထောက်ကြံ့၊  လှည်းကူး၊ အင်းစိန်၊ ရွှေပြည်သာ၊ လှိုင်၊ ဗိုလ်တထောင်၊ ဒလမြို့နှင့် ဆိပ်ကြီးခနောင်တို တို့ရှိ မြို့နယ် ၈ မြို့မှ အခြေခံလူတန်းစား အိမ်ထောင်စု ၁၈၀၀ အတွက် ဆန်၊ ဆီ၊ ဆား၊ အာလူး၊ ကြက်ဥ၊ နို့ဆီ၊ ကော်ဖီမစ်နှင့် Mask အစရှိသည့်တို့ကို EFD Group မိသားစုမှ အိမ်တိုင်ရာရောက် သွားရောက်လှူဒါန်းခဲ့ခြင်းဖြစ်သည်။  Excellent Fortune Development Group (EFD Group) နှင့် Excellent Fortune Foundation (EFF Foundation) တည်ထောင်သူနှင့် ဥက္ကဋ္ဌ အဂ္ဂမဟာသီရိသုဓမ္မမဏိဇောတဓရ ဦးစိုင်းမျိုးဝင်းနှင့် ဇနီး  အဂ္ဂမဟာသီရိသုဓမ္မသိင်္ဂီ ဒေါ်နန်းခင်မြင့်ရီ မိသားစုက ကိုဗစ်ကာလတစ်လျှောက် မြန်မာနိုင်ငံအတွင်းရှိ ပြည်နယ်နှင့် တိုင်းဒေသကြီးအစိုးရအဖွဲ့များ၊ ဆေးရုံများ၊ ပရဟိတလုပ်ဆောင်လျက်ရှိသော လူမှုရေးအသင်းအဖွဲ့များသို့ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေးပစ္စည်းများလှူဒါန်းခြင်း၊ ကာကွယ်ရေးနှင့် ကုသရေးများအတွက် အလှူငွေများ ပေးအပ်လှူဒါန်းခြင်း  သာကေတမြို့နယ်ရှိ Fortune Plaza အား  Covid လူနာများထားရှိ ကုသနိုင်ရန် လှူဒါန်းခြင်းများ ပြုလုပ်လျက်ရှိပြီး ရန်ကုန်တိုင်းဒေသကြီး၊ ကချင်ပြည်နယ်၊  မွန်ပြည်နယ်နှင့် တနင်္သာရီတိုင်းဒေသကြီးတို့တွင်ရှိသော အခြေခံလက်လုပ်လက်စား ပြည်သူတချို့အား ဆန်၊ ဆီနှင့် အခြေခံစားသောက်ကုန်များ အစဉ်တစိုက် ပံ့ပိုးကူညီလှူဒါန်းခဲ့ကြောင်း သိရသည်။

သတင်းနှင့်ဓာတ်ပုံ- မင်းသစ်(MNA)