ပြည်သူများ နေအိမ်ပြင်ပသို့ ထွက်ပါက နှာခေါင်းစည်း(mask)များတပ်ဆင်ရေး စစ်ကိုင်းတိုင်းဒေသကြီး၊ တမူးခရိုင်၊ ခါမ်းပါတ်မြို့တွင် စစ်ဆေးဆောင်ရွက်

ခါမ်းပါတ် ၁၇ စက်တင်ဘာ

 

စစ်ကိုင်းတိုင်းဒေသကြီး၊ တမူးခရိုင်၊ ခါမ်းပါတ်မြို့တွင် ကိုဗစ်-၁၉ ရောဂါ ကူးစက်မှု မဖြစ်ပေါ်စေရေးအတွက် ကာကွယ်ထိန်းချုပ်မှုလုပ်ငန်းများကို ဆောင်ရွက်လျှက်ရှိရာ ယနေ့ နံနက်ပိုင်းက အမှတ်(၁)ရပ်ကွက်၊ ကလေး- တမူးလမ်းမကြီးတွင် မြန်မာနိုင်ငံရဲတပ်ဖွဲ့ ခါမ်းပါတ်နယ်မြေ စခန်း၊ မြို့စည်ပင်သာရေးအဖွဲ့နှင့် အခြားဌာနဆိုင်ရာ အဖွဲ့အစည်းများ ပူးပေါင်း၍ ပြည်သူများ နေအိမ်ပြင်သို့ ထွက်ခွာပါက နှာခေါင်းစည်း(mask)များ တပ်ဆင်သွားလာခြင်းရှိ/မရှိ စစ်ဆေး ဆောင်ရွက်ခဲ့ကြကြောင်း သတင်းရရှိသည်။

 

ဇော်ဝင်းထွန်း