ပြည်သူများ ကျန်းမာရေးနှင့်ညီညွတ်သော အသား/ငါးများ စနစ်တကျရောင်းချမှုရှိစေရေး အသိပညာပေးခြင်းနှင့် စစ်ဆေးခြင်းများ ကွင်းဆင်းဆောင်ရွက်

ပြည်ကြီးမဏ္ဍိုင်၊ ၁၄ ဇွန်
    
တနင်္သာရီတိုင်းဒေသကြီး၊ ကော့သောင်းခရိုင်၊ ပြည်ကြီးမဏ္ဍိုင်မြို့အတွင်းရှိ သားသတ်ရုံနှင့် အသားရောင်းဆိုင်များတွင် အများပြည်သူများ အန္တရာယ်မဖြစ်စေရေး ကျန်းမာရေးနှင့်ညီညွတ်သော အသား/ငါးများ စနစ်တကျရောင်းချမှုရှိစေရေး အသိပညာပေးခြင်းနှင့် စစ်ဆေးခြင်းကို ဇွန် ၁၃ ရက် နံနက်က ကွင်းဆင်းဆောင်ရွက်ခဲ့သည်။     
ယခုကာလအတွင်း အာဖရိက ဝက်အပြင်းဖျားရောဂါ ဖြစ်ပွားနေသဖြင့် ပြည်ကြီးမဏ္ဍိုင်မြို့အတွင်းရှိ လိုင်စင်ရ သားသတ်လုပ်ငန်း လုပ်ကိုင်နေသော သားသတ်ရုံတွင် မွေး/ကုဌာနမှ စစ်ဆေးပြီး ကျန်းမာရေးနှင့်ညီညွတ်သော ဝက်များသာ သတ်ဖြတ်ရောင်းချရန်နှင့် သားသတ်ရုံအတွင်း၊ အပြင် သန့်ရှင်းရေးဆောင်ရွက်ရန်၊ အသားရောင်းဆိုင်များတွင် အများပြည်သူများ အန္တရာယ်ဖြစ်စေနိုင်သည့် တရားမဝင် အေးခဲသားများနှင့် အသားငါးများရောင်းချမှု မရှိစေရေး အသိပညာပေးခြင်းနှင့် စစ်ဆေးခြင်းများအား ကွင်းဆင်းစစ်ဆေးခဲ့ရာ မြို့အုပ်ချုပ်ရေးမှူး ဦးသိန်းမင်းထိုက်၊ မြို့စည်ပင်သာယာရေးအဖွဲ့ တာဝန်ခံ  ဦးမျိုးအောင်၊ နယ်မြေစခန်းမှူး ရဲအုပ် ဘုန်းအောင်၊ မြို့မွေး/ကုသရေး ဦးစီးဌာန တာဝန်ခံ ဦးနိုင်လင်းနှင့် ရပ်ကွက်အုပ်ချုပ်ရေးမှူး  ဦးနေလင်းအောင်တို့မှ ဆောင်ရွက်ခဲ့ကြကြောင်း သိရှိရသည်။
    
မျိုးလွင်(ပြန်/ဆက်)

mdn