ပြည်သူ့လွှတ်တော်သို့ နည်းပညာတက္ကသိုလ်(ပုသိမ်)၊ အီလက်ထရောနစ်အင်ဂျင်နီယာဌာနမှ ဆရာမများနှင့် ကျောင်းသား/ ကျောင်းသူများလာရောက်လေ့လာကြည့်ရှု

နေပြည်တော်  ၁၀  အောက်တိုဘာ

 

ပြည်သူ့လွှတ်တော်သို့ နည်းပညာတက္ကသိုလ်(ပုသိမ်)၊ အီလက်ထရောနစ် အင်ဂျင်နီယာဌာနမှ ပါမောက္ခ/ ဌာနမှူးဒေါက်တာနှင်းအေးခိုင် ဦးဆောင်သည့် ဆရာမများနှင့် (၂၀၁၈-၂၀၁၉)ပညာသင်နှစ်ဒုတိယနှစ်၊ စတုတ္ထနှစ် နှင့် ပဉ္စမနှစ် ကျောင်းသား/ ကျောင်းသူ (၁၂၀)ဦးတို့သည် ယနေ့ မွန်းလွဲ ၁၂ နာရီခွဲတွင် လာရောက်လေ့လာခဲ့ကြသည်။

 

ရှေးဦးစွာ ပြည်သူ့လွှတ်တော်ရုံးမှ တာဝန်ရှိသူများက လွှတ်တော်ဧည့်ခံကြိုဆိုရေး အဆောင်တွင် ကြိုဆိုပြီး ပြည်သူ့လွှတ်တော်အစည်းအဝေးခန်းမ၌ လွှတ်တော်ဆိုင်ရာကိစ္စရပ်များနှင့် နည်းပညာပိုင်းဆိုင်ရာများကို ရှင်းလင်းပြသပြောကြားသည်။

 

ဒုတိယအကြိမ်ပြည်သူ့လွှတ်တော် ပထမပုံမှန်အစည်းအဝေးစတင်ကျင်းပသည့် နေ့ရက်မှ ယနေ့အထိ ပြည်သူ့လွှတ်တော်သို့ လာရောက်လေ့လာသည့် ပြည်တွင်း ဧည့်သည် ၅၇၄၁၂ ဦးနှင့် ပြည်ပဧည့်သည် ၂၃၀၁ဦး၊ စုစုပေါင်းဧည့်သည် ၅၉၇၁၃ ဦးရှိပြီဖြစ်ပြီး ပြည်သူ့လွှတ်တော်၊ အမျိုးသားလွှတ်တော်၊ ပြည်ထောင်စုလွှတ်တော်သို့ လာရောက်လေ့လာလိုပါကပြည်သူ့လွှတ်တော်ရုံး၊ အမျိုးသားလွှတ်တော်ရုံး၊ ပြည်ထောင်စုလွှတ်တော်ရုံးတို့မှ သက်ဆိုင်ရာ ညွှန်ကြားရေးမှူးချုပ် တို့ထံလိပ်မူပြီး (၃) ရက် ကြိုတင်ပေးပို့နိုင်ကြောင်း သိရသည်။

 

သတင်းစဉ်