ပြည်သူ့လွှတ်တော်သို့ လာရောက်လေ့လာကြည့်ရှု

နေပြည်တော်  ၁၄  ဖေဖော်ဝါရီ   

 

ဒုတိယအကြိမ် ပြည်သူ့လွှတ်တော်(၁၅) ကြိမ်မြောက် ပုံမှန်အစည်းအဝေး သတ္တမနေ့တွင် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးအောင်သိန်း၊ ဗန်းမော်မဲဆန္ဒနယ်၏မိတ်ဆွေ (၃၆) ဦးနှင့်  ရန်ကုန်အနောက်ပိုင်းတက္ကသိုလ်၊ ပထဝီဝင်ဌာနမှ ဒေါက်တာခင်ခင်ဟန် (ပါမောက္ခ၊ ဌာနမှူး) ဦးဆောင်သည့် ဆရာ၊ဆရာမ၊ ကျောင်းသား၊ကျောင်းသူနှင့် ဝန်ထမ်းများ (၁၇၇)ဦး၊ စုစုပေါင်း (၂၁၃) ဦး တို့သည့်  ယနေ့ နံနက် ၁ဝ နာရီတွင် ကျင်းပသည့် ပြည်သူ့လွှတ်တော်အစည်းအဝေးသို့ တက်ရောက်လေ့လာပြီး House of Commons မှ Hluttaw Project Coordinator ၊  Ms Mariam Keating ၏    မိသားစုဝင် (၂) ဦး တို့သည် လွှတ်တော်အဆောက်အအုံများကို လေ့လာကြည့်ရှုခဲ့ကြသည်။

 

ဒုတိယအကြိမ် ပြည်သူ့လွှတ်တော် ပထမပုံမှန်အစည်းအဝေး စတင်ကျင်းပသည့် နေ့ရက်မှ ယနေ့အထိ ပြည်သူ့လွှတ်တော်သို့ လာရောက်လေ့လာသည့် ပြည်တွင်းဧည့်သည် ၆၀၉၉၆ ဦးနှင့် ပြည်ပဧည့်သည်  ၂၄၇၀ဦး၊ စုစုပေါင်းဧည့်သည် ၆၃၄၆၆ ဦး ရှိပြီဖြစ်ကြောင်းနှင့် ပြည်သူ့လွှတ်တော်၊ အမျိုးသားလွှတ်တော်၊ ပြည်ထောင်စုလွှတ်တော်သို့ လာရောက်လေ့လာလိုပါက ပြည်သူ့လွှတ်တော်ရုံး၊ အမျိုးသားလွှတ်တော်ရုံး၊ ပြည်ထောင်စုလွှတ်တော်ရုံးတို့မှ သက်ဆိုင်ရာ ညွှန်ကြားရေးမှူးချုပ်တို့ထံလိပ်မူပြီး အစိုးရရုံးပိတ်ရက်များမပါ (၃) ရက် ကြိုတင် ပေးပို့လျှောက်ထားနိုင်ပါကြောင်း  သတင်းရရှိသည်။

 

(သတင်းစဉ်)