ပြည်သူ့လွှတ်တော်၊ အမျိုးသမီးနှင့် ကလေးသူငယ် အခွင့်အရေးဆိုင်ရာ ကော်မတီဥက္ကဋ္ဌ ဒေါက်တာဒေါ်ခင်စိုးစိုးကြည် Forum of Federations မှ တာဝန်ရှိပုဂ္ဂိုလ်များအား လက်ခံတွေ့ဆုံ

နေပြည်တော်   ၁၃   ဒီဇင်ဘာ 

 

ပြည်သူ့လွှတ်တော်၊ အမျိုးသမီးနှင့်ကလေးသူငယ် အခွင့်အရေးဆိုင်ရာ ကော်မတီဥက္ကဋ္ဌ ဒေါက်တာဒေါ်ခင်စိုးစိုးကြည် သည် Forum of Federations မှ တာဝန်ရှိပုဂ္ဂိုလ်များအား ယနေ့ မွန်းလွဲ၁၂နာရီခွဲတွင် နေပြည်တော်ရှိ လွှတ်တော်ရေးရာဆောင်၊ အဆောင်အမှတ် (I-12) အစည်း အဝေးခန်းမ၌ လက်ခံတွေ့ဆုံသည်။

 

တွေ့ဆုံစဉ် အမျိုးသမီးနှင့်ကလေးသူငယ် အခွင့်အရေးဆိုင်ရာ ကော်မတီဝင်များအတွက် Federalism & Gender Equality နှင့်ဆိုင်သော Workshop များ၊ ကော်မတီဝန်ထမ်းများအတွက် စွမ်းရည်မြှင့်တင်ရေးဆိုင်ရာ Workshop (သို့မဟုတ်) Forum များပြုလုပ်ပေးမည့် အစီအစဉ်များနှင့် စပ်လျဉ်းပြီး ရင်းနှီးပွင့်လင်းစွာ အမြင်ချင်းဖလှယ် ဆွေးနွေးခဲ့ကြသည်။

 

(သတင်းစဉ်)