ပြည်သူ့လွှတ်တော်၊ အစိုးရ၏ အာမခံချက်များ၊ ကတိများနှင့်တာဝန်ခံချက်များစိစစ်ရေးကော်မတီနှင့် ပြည်ထောင်စုအဆင့် အဖွဲ့အစည်းများ၊ ဝန်ကြီးဌာနများ တိုင်းဒေသကြီး/ပြည်နယ် အစိုးရအဖွဲ့တို့မှ တာဝန်ရှိသူများ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကျင်းပ

နေပြည်တော် ၁၆  ဒီဇင်ဘာ 

 

ပြည်သူ့လွှတ်တော်၊ အစိုးရ၏အာမခံချက်များ၊ ကတိများနှင့်တာဝန်ခံချက်များ စိစစ် ရေး ကော်မတီနှင့် ပြည်ထောင်စုအဆင့်အဖွဲ့အစည်းများ၊ ဝန်ကြီးဌာနများ၊ တိုင်းဒေသကြီး/ ပြည်နယ်အစိုးရအဖွဲ့တို့မှ တာဝန်ရှိသူများ လုပ်ငန်းညှိနှိုင်း အစည်းအဝေးကိုယနေ့ မွန်းလွဲပိုင်းတွင် နေပြည်တော်ရှိ လွှတ်တော် ရေးရာဆောင်၊ အဆောင်အမှတ် (I-3) အစည်း အဝေးခန်းမ၌ ကျင်းပသည်။

 

325689

 

ရှေးဦးစွာ ကော်မတီ ဥက္ကဋ္ဌဒေါက်တာမေဝင်းမြင့်က ဒုတိယအကြိမ် ပြည်သူ့လွှတ်တော် ပထမပုံမှန် အစည်းအဝေးမှ (၁၃)ကြိမ်မြောက် ပုံမှန်အစည်းအဝေးကာလ အတွင်း အတည်ပြုခဲ့သည့် အဆိုများ၊ ကတိဖြစ်ခဲ့သည့် ကြယ်ပွင့်ပြ၊ ကြယ်ပွင့်မပြ မေးခွန်းများနှင့် ပတ်သက်၍ ဝန်ကြီးဌာနများအနေဖြင့် ဆောင်ရွက်ဆဲ လုပ်ငန်းများကို အမြန်ဆုံး ပြီးစီးအောင် ဆောင်ရွက်စေခြင်းဖြင့် လုပ်ငန်းလက်ကျန်များ နည်းပါးစေရန်အတွက် ကြိုးပမ်း ဆောင်ရွက်ပေးစေလိုပါကြောင်း ပြောကြားသည်။

 

963.52041951

 

ထို့နောက် ကော်မတီအတွင်းရေးမှူးနှင့် အဖွဲ့ဝင်များက လွှတ်တော်အစည်းအဝေး အတွင်း အတည်ပြုခဲ့ သည့်အဆိုများ၊ ကတိဖြစ်ခဲ့သည့် ကြယ်ပွင့်ပြ၊ ကြယ်ပွင့်မပြ မေးခွန်း များနှင့်ပတ်သက်၍ ဆောင်ရွက် ပြီးစီးမှုများ၊ ဆောင်ရွက်ဆဲလုပ်ငန်း အခြေအနေများ၊ ဆောင်ရွက်ရန် ကျန်ရှိနေသော လုပ်ငန်းများနှင့် စပ်လျဉ်းပြီး ပေါင်းစပ်ညှိနှိုင်းဆွေးနွေး၍ သက်ဆိုင်ရာဝန်ကြီးဌာနများ၏ ရှင်းလင်းတင်ပြမှုများအပေါ် ကော်မတီဝင်များက ပြန်လည်သုံးသပ်ဆွေးနွေးခဲ့ကြသည်။

 

78520263.012458

 

အဆိုပါ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ဒီဇင်ဘာ ၁၉ ရက်အထိ ဆက်လက် ကျင်းပသွားမည် ဖြစ်ကြောင်း သိရသည်။

 

သတင်းစဉ်