ပြည်ပမှ ပြန်လည်ဝင်ရောက်လာသူများကို ကျန်းမာရေးစောင့်ရှောက်မှုပေး၊ နေပြည်တော်ကောင်စီဉက္ကဋ္ဌ ဒေါက်တာမျိုးအောင် ကြည့်ရှုစစ်ဆေး

နေပြည်တော် ဧပြီ

 

နေပြည်တော်ကောင်စီဉက္ကဋ္ဌ ဒေါက်တာမျိုးအောင်သည် မတ် ၃၁ ရက်က နေပြည်တော်ရှိ ကျန်းမာရေးစောင့်ရှောက်မှုပေးနေသည့် နေရာအသီးသီးသို့ သွားရောက်ပြီး ပြည်ပနိုင်ငံများမှ ပြန်လာသူများအား ကျန်းမာရေးစောင့်ရှောက်ပေးနေမှုကို လိုက်လံကြည့်ရှု စစ်ဆေးသည်။

 

နေပြည်တော်ကောင်စီဉက္ကဋ္ဌနှင့် တာဝန်ရှိသူများသည် ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ဇမ္ဗူသီရိမြို့နယ်၊ စည်ပင်ဧည့်ရိပ်သာ()သို့ စစ်ဆေးစဉ် နေပြည်တော် ပြည်သူ့ကျန်းမာရေးဉီးစီးဌာန၊ ဒုတိယညွှန်ကြားရေးမှူးချုပ် ဒေါက်တာ မြတ်ဝဏ္ဏစိုးက ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၊ ပြည်သူ့ ကျန်းမာရေးဉီးစီးဌာနမှ ညွှန်ကြားချက်အရ မတ် ၂၅ မှ စတင်၍ နိုင်ငံတကာမှ ပြန်လာသောသူများကို facility quarantine ပြုလုပ်ရန် ဖြစ်ပါကြောင်း၊ မတ် ၂၅ ရက်မတိုင်မီကာလတွင် ဝင်လာသောသူများကို ၎င်းတို့၏ နေအိမ်များတွင် Home quarantine ပြုလုပ်ခဲ့ကြောင်း၊ ယခု facility quarantine (၁၄) ရက်ကြာ စောင့်ကြည့်ထားရှိသည့် နေရာများဖြစ်သည့် ဒက္ခိဏသီရိ ခုတင် ၅၀ ဆံ့ဆေးရုံ၊ ပုဗ္ဗသီရိ ခုတင် ၅၀ ဆံ့ဆေးရုံ၊ ဇေယျာသီရိ ခုတင် ၅၀ ဆံ့ဆေးရုံ၊ ဒက္ခိဏသီရိမြို့နယ် နယူးဧရာဟိုတယ်နှင့် ဇမ္ဗူသီရိမြို့နယ်၊ စည်ပင်ဧည့်ရိပ်သာတို့ဖြစ်ပြီး ၎င်းတို့အား နေ့စဉ် ကျန်းမာရေးဌာနမှ တစ်ရက် ကြိမ် ကိုယ်အပူချိန်တိုင်းတာပေးခြင်း၊ အထွေထွေအုပ်ချုပ်ရေးဉီးစီးဌာနနှင့် စေတနာဝန်ထမ်း လုပ်အားရှင်များ အင်အား(၁၀၀)ခန့်ဖြင့် လိုအပ်သည့် အုပ်ချုပ်မှုကိစ္စရပ်များ ဆောင်ရွက်ပေးခြင်းဖြင့် စောင့်ကြပ်ကြည့်သူများအား နေ့စဉ် ကျွေးမွေးမည့်အစီအစဉ်ကို Naypyitaw Covid-19 Volunteer Team မှ ဆောင်ရွက်ပေးနေကြောင်း ရှင်းလင်းတင်ပြသည်။

 

ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်သို့ မတ်လ ၃၁ ရက်နေ့အထိ ပြည်ပနိုင်ငံများမှ ဝင်ရောက်လာသည့် ဉီးရေ ၁၆၅၀ အနက်၊ နေအိမ်၌သာနေထိုင်ရန် ကန့်သတ်မှုအဖြစ် ၁၀၁၅ ဉီး၊ ဆေးရုံ၌ ၁၇၄ ဉီး၊ ဟိုတယ်၌ ၁၈ ဉီး၊ စည်ပင်ဧည့်ရိပ်သာ () ၄၂၄ ဉီး၊ စာသင်ကျောင်း၌ ဉီး၊ စောင့်ကြည့်ခံရသူဉီးရေ စုစုပေါင်း ၁၆၃၄ ဉီးဖြစ်ပြီး၊ သံသယ လူနာ()ဉီး၊ ပြန်လည်စေလွှတ်သူ ၁၅ ဉီးတို့ဖြစ်ပြီး၊ သတ်မှတ်ထားသော ကျန်းမာရေးစောင့်ရှောက်မှုနေရာများတွင် စနစ်တကျ ကျန်းမာရေး စောင့်ကြည့်မှုများ ဆောင်ရွက်လျက်ရှိသည်။

 

နေပြည်တော် Covid-19 ရောဂါကာကွယ်ထိန်းချုပ်ရေးအဖွဲ့သည် facility quarantine (၁၄)ရက်ကြာ စောင့်ကြည့်ထားရှိသည့်နေရာများသို့ သွားရောက်ပြီး ကိုယ်အပူချိန်တိုင်းခြင်း၊ သတ်မှတ်ကာလအတွင်း ကျန်းမာရေးဌာနမှ ထုတ်ပြန်ထားသည့်ကိစ္စများ လိုက်နာမှုရှိရေး ကြပ်မတ်ခြင်း၊ လိုအပ်ချက်များ ညှိနှိုင်းခြင်း၊ ကျန်းမာရေးအခြေအနေ ကြည့်ရှုခြင်းများ ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

 

နေပြည်တော်(ပြန်/ဆက်)