ပြည်ကြီးတံခွန်မြို့နယ်ရှိ အ.လ.က(၂၂) Quarantine Center ပိတ်သိမ်း

ပြည်ကြီးတံခွန်၁၆ ဇန်နဝါရီ

ပြည်ကြီးတံခွန်မြို့နယ်တွင် ကိုဗစ်-၁၉ အတည်ပြုလူနာများနှင့် ထိစပ်သူများထားရှိရန် ကုတင် (၁၅၀) ဆံ့ ..က(၂၇) Quarantine Center နှင့် ကုတင်(၁၀၀)ဆံ့ ..က(၂၂) Quarantine Center များ ဖွင့်လှစ်ဆောင်ရွက်ခဲ့ရာ လက်ရှိတွင် ကိုဗစ်-၁၉ အတည်ပြုလူနာနှင့်ထိစပ်သူများ လျော့နည်း လာခြင်းကြောင့် ..က(၂၂) Quarantine Center အား ဇန်နဝါရီ ၁၅ ရက် ညနေပိုင်းတွင် ပိတ်သိမ်း လိုက်ကြောင်း ပြည်ကြီးတံခွန်မြို့နယ် အထွေထွေအုပ်ချုပ်ဦးစီးဌာနဌာန မြို့နယ်အုပ်ချုပ်ရေးမှူး ဦးလရော်ထံမှ သိရသည်။

ကျွန်တော်တို့ မြို့နယ်မှာ ရှိတဲ့ ..က(၂၇) Quarantine Center နဲ့ ..က(၂၂) Quarantine Center  () ကို ကိုဗစ်-၁၉ အတည်ပြုလူနာများနှင့် ထိစပ်သူလျော့နည်းလာခြင်းကြောင့် တစ်ခုကို မနေ့က ညနေပိုင်းက ပဲပိတ်သိမ်းလိုက်ပါတယ်၊ ..က(၂၇) Quarantine Center ကိုတော့ ဆက်လက်ဖွင့်လှစ် ထားပါတယ်၊ အဲဒီစင်တာ မှာတော့ ဒီနေ့စာရင်းအရဆိုရင် ပိုးတွေ့အတည်ပြုလူနာနဲ့ ထိစပ်သူ (၄၄)ဦး ကျန်ရှိနေပါတယ်၊ ..က(၂၂) Quarantine Center က တော့ ပိတ်လိုက်ပါပြီး Quarantine ဝင်နေတဲ့သူလည်းမရှိတော့ပါဘူးဟု မြို့နယ်အုပ်ချုပ်ရေးမှူး ဦးလရော် က ပြောကြားသည်။

အဆိုပါ ..က(၂၂) Quarantine Center ပြီးခဲ့သည့် ၂၀၂၀ ပြည့်နှစ် ဒီဇင်ဘာ(၁၅)ရက်တွင် ဖွင့်လှစ်ခဲ့ပြီး ၂၀၂၁ ခုနှစ် ဇန်နဝါရီ ၁၅ ရက်တွင် ပိတ်သိမ်းခဲ့ရာ တစ်လခန့်ကြာမြင့်ခဲ့ကြောင်း ၊ကျန်ရှိသော Quarantine Center တွင် ကိုဗစ်-၁၉ အတည်ပြုလူနာများနှင့် ထိစပ်သူ(၄၄)ဦးအား Quarantine ဆောင်ရွက်ထားရှိကြောင်း သိရသည်။

သန်းဇော်မင်း(ပြန်/ဆက်)