ပန်နန်းဒင်မြို့တွင် ချောင်းရေတိုက်စားမှုများကြောင့် လမ်းနေရာ(၂၇)နေရာနှင့်  တံတား(၂)စင်း ပျက်စီး

ပန်နန်းဒင်    ၂၆   စက်တင်ဘာ

 

ကချင်ပြည်နယ် ပူတာအိုခရိုင် ပန်နန်းဒင်မြို့တွင် စက်တင်ဘာလ ၂၃ ရက်မှ စ၍ မိုးအဆက်မပြတ် ရွာသွန်းမှုများကြောင့် နောင်မွန်မြို့နယ်နှင့်ပန်နန်းဒင် မြို့သို့ ဆက်သွယ်ထားသော လမ်းပိုင်း နေရာများတွင် တောင်ကျချောင်းများ မြင့်တက်လာရာ ချောင်းရေ တိုက်စားမှုများကြောင့် ကြိုးတံတား (၂) စင်းနှင့် လမ်းပိုင်း(၂၇ )နေရာခန့် ပျက်စီးသွားကြောင်း သိရသည်။

 

အဆိုပါ တောင်ပြိုကျမှုများ၊ လမ်းများပျက်စီးသွားမှုများကြောင့် ခရီးသွားလာသူများ အခက်အခဲ ဖြစ်နေပြီး ပျက်စီးသွားသော နေရာများသို့ ပန်နန်းဒင် မြို့အုပ်ချုပ်ရေးမှူး ဦးနေမင်းထွန်းနှင့် အဖွဲ့များက စက်တင်ဘာလ(၂၅)ရက်တွင် လိုက်လံကြည့်ရှု စစ်ဆေးခဲ့ပြီး ပျက်စီးသွားသည့် လမ်းနှင့်တံတားများအား လမ်းဦးစီးဌာနမှ ဦးဒါဝိနှင့် အဖွဲ့သားများက လိုက်လံပြုပြင် ရှင်းလင်းမှုများ ဆောင်ရွက်နေကြောင်း မြို့အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာနမှ သိရသည်။

 

နောယော်ဘော်(ပြန်/ဆက်)၊ခါ့မိုင်