ပင်းတယ၌ သုတေသနပြုရွေးချယ်ထားသည့် ဂျုံမျိုးများရွေးချယ်ခြင်းနှင့် ကွင်းသရုပ်ပြပွဲပြုလုပ်

ပင်းတယ၊  ၂၃  ဇန်နဝါရီ  

ရှမ်းပြည်နယ်(တောင်ပိုင်း) ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ပင်းတယမြို့၌ စိုက်ပျိုးရေးသုတေသနမှ သုတေသနပြု ရွေးချယ်ထားသည့် အလားအလာကောင်း ဂျုံမျိုးများအား KOPTA ဂျုံစီမံကိန်း၏ အစီအစဉ်ဖြင့် စိုက်ပျိုးရေးဦးစီး ဌာနနှင့်ပူးပေါင်း၍ ကွင်းသရုပ်ပြပွဲနှင့် မျိုးရွေးချယ်ပွဲအား ဇန်နဝါရီ နံနက် ၁၀ နာရီက တံတားကြီးကျေးရွာ၊ တောင်သူဦးမြင့်လွင်၏ စိုက်ကွင်းတွင် ပြုလုပ်ခဲ့သည်။

အခမ်းအနားသို့ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန စိုက်ပျိုးရေးဦးစီးဌာနမှ ပြည်နယ် မျိုးစေ့တာဝန်ခံ ဒေါ်မိမိလှိုင်းနှင့် ခရိုင်မျိုးစေ့တာဝန်ခံ ဦးတင်ဆွေသန်း၊ စိုက်ပျိုးရေးသုတေသနဦးစီးဌာန အောင်ပန်းစိုက်ပျိုးရေးသုတေသနခြံမှ တာဝန်ခံ ဒေါက်တာဝင်းဝင်းနွယ်နှင့် ပင်းတယမြို့နယ် စိုက်ပျိုးရေးဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဒေါ်မော်မော်လွင်နှင့် ဝန်ထမ်းများနှင့် တောင်သူ စုစုပေါင်း ၃၀ ခန့် တက်ရောက်ခဲ့ကြောင်း သိရသည်။
    
အောင်ကိုဦး(ပင်းတယ)