ပြင်သစ်နိုင်ငံ သမ္မတဟောင်း ရှီရက်ရှ် အသက် ၈၆ နှစ် ကွယ်လွန်

၂၇ စက်တင်ဘာ

 

ပြင်သစ်နိုင်ငံသမ္မတဟောင်း ဂျက်စ် ရှီရက်ရှ်  အသက် ၈၆ နှစ်သည် ယမန်နေ့က ကွယ်လွန်ခဲ့ကြောင်း ဒေသခံမီဒီယာ က သတင်းဖော်ပြခဲ့သည်။

 

၁၉၉၅ ခုနှစ်မှ၂၀၀၇ ခုနှစ်ထိ ဉရောပ၏ ဒုတိယအကြီးမားဆုံး  အင်အားကြီးနိုင်ငံအဖြစ် ပြင်သစ်နိုင်ငံကို ဦးဆောင်ခဲ့သော ရှီရက်ရှ် သည် ယမန်နေ့မနက်ပိုင်းက ၎င်း၏မိသားစုခြံရံကာ ငြိမ်းချမ်းစွာဖြင့် သေဆုံးခဲ့ကြောင်း ရှီရက်ရှ် ၏ သားမက်ဖြစ်သူ ဖရက်ဒရစ် ဆာလတ်-ဘာရုစ် က ပြင်သစ်မီဒီယာကို ပြောကြားခဲ့သည်။

 

ရှီရက်ရှ်သည် သမ္မတတာဝန်မှ အနားယူပြီးနောက် လေသင်တုန်းဖြတ်ခြင်းနှင့် အဆုတ်ရောဂါတို့ ခံစားရသဖြင့် အကြိမ်ပေါင်းများစွာ ဆေးရုံတက်ကုသခဲ့ရသည်ဟု သိရသည်။

 

ကိုးကား - ဆင်ဟွာ

ဘာသာပြန်- မြင့်မြင့်ချို