ပြင်သစ်အိုးပင်း တင်းနစ်ပြိုင်ပွဲကို ပရိတ်သတ် ၁,၀၀၀ ကြည့်ရှုရ

၂၅ စက်တင်ဘာ

 

ပြင်သစ်အစိုးရက ပြင်သစ်အိုးပင်း တင်းနစ်ပြိုင်ပွဲကို နေ့စဉ် ပရိတ်သတ် ၁,၀၀၀ ကြည့်ရှုပေးမယ်လို့ ကြာသပတေးနေ့က ကြေညာလိုက်ပါတယ်။ ကိုရိုနာဗိုင်းရပ်စ်ပိုးကူးစက်မှု ထိန်းချုပ်ရန်အတွက် စည်းမျဉ်းသစ်တွေကိုလည်း ကြာသပတေးနေ့မှာ ထုတ်ပြန်လိုက်ပါတယ်။

 

ပြင်သစ်အိုးပင်းပြိုင်ပွဲကို မူလစီစဉ်ထားတာထက် လေးလနောက်ကျပြီး လာမယ့် တနင်္ဂနွေနေ့မှာ ပဲရစ်မြို့မှာ ကျင်းပဖို့ ပြိုင်ပွဲစီစဉ်သူတွေက ပရိတ်သတ် ၅,၀၀၀ အထိ ပါဝင်ခွင့်ရမယ်လို့ မျှော်လင့်နေပါတယ်။ ပြိုင်ပွဲစီစဉ်သူတွေက တက်ရောက်မယ့် ပရိတ်သတ်ပမာဏကို ၂၀,၀၀၀ ကနေ ၁၁,၅၀၀ အထိလျှော့ချပြီး ဖြစ်ပါတယ်။

 

ပြီးခဲ့တဲ့နှစ် ပြင်သစ်အိုးပင်းတင်းနစ်ပြိုင်ပွဲမှာ တစ်နေ့ကို ပရိတ်သတ် ၃၇,၀၀၀ တက်ရောက်ခဲ့ပါတယ်။

 

ပြင်သစ်အိုးပင်း စီစဉ်သူ ဂိုင်းဖော်ဂတ်က ၁၂ ဧကကျယ်တဲ့အတွက် ပြိုင်ပွဲကွင်းမှာ လူ ၅,၀၀၀ လောက်ကို ကောင်းကောင်း နေရာချနိုင်ကြောင်း ပြောပါတယ်။

 

ပြင်သစ်အိုးပင်း တင်းနစ်ပြိုင်ပွဲကျင်းပရာ  ရိုလန် ဂါးရော့ ကွင်းဟာ ၁၂ ဧက တစ်နည်းအားဖြင့် ဘောလုံးကွင်း ၁၅ ကွင်းစာကျယ်ပြီး တင်းနစ်ကွင်း ၂၀  ပါရှိပါတယ်။

 

MDN

ကိုးကား - AFP