ပွင့်ဖြူမြို့နယ်၌ ကီလိုမာလကာသီး စိုက်ပျိုးတောင်သူများ အောင်မြင်ဖြစ်ထွန်း၍ လုပ်ငန်းအဆင်ပြေ

ပွင့်ဖြူ   နိုဝင်ဘာ   ၂၄

မကွေးတိုင်းဒေသကြီး၊ ပွင့်ဖြူမြို့နယ်တွင် မြေအောက်ရေကို အကျိုးရှိစွာအသုံးချပြီး ကီလိုမာလကာသီး စိုက်ပျိုး တောင်သူများ အောင်မြင်ဖြစ်ထွန်းပြီး ရောင်းချရာတွင်လည်း တစ်ပိဿာလျှင် ငွေကျပ် ၁၅၀၀ ရောင်းချရ၍ လုပ်ငန်း အဆင်ပြေလျက်ရှိကြကြောင်း ပွင့်ဖြူမြို့နယ် ဖလံတောကျေးရွာမှ ကီလိုမာလကာ စိုက်ပျိုးတောင်သူ ဦးဖိုးလှိုင်ထံမှ သိရသည်။

ကီလိုမာလကာ စိုက်ပျိုးရေးလုပ်ငန်းသည် ပျိုးပင်ဝယ်ယူ၍ စိုက်ပျိုးနိုင်သကဲ့သို့ ကိုင်းကူးစနစ်ဖြင့်လည်း စိုက်ပျိုးနိုင်ကြောင်း၊ ပျိုးပင်စိုက်ပျိုးပါက အနည်းဆုံး ၄၊ ၅ နှစ်ခန့် စောင့်ရပြီး ကိုင်းကူးစနစ်ဖြင့် စိုက်ပျိုးပါက တစ်နှစ် အကြာတွင် အသီးများ စတင်ဆွတ်ခူးရောင်းချရကြောင်း၊ စိုက်ပျိုးရာတွင်လည်း ပင်ခြားအနေဖြင့် ၁၀ ပေခန့်၊ တန်းကြားအနေဖြင့် ၁၅ ပေခန့်ခွာ၍ စိုက်ပျိုးရကြောင်း၊ သို့မှသာ အပင်များ ကြီးထွားဖွံ့ဖြိုးလာချိန်တွင် အပင် ထိခိုက်မှု မရှိကြောင်းနှင့် အသီးအပွင့်များ ပိုမိုရရှိကာ အောင်မြင်ဖြစ်ထွန်းစေနိုင်ကြောင်၊ အပင်ပြုစုမှုအပေါ် မူတည်ပြီး နှစ်ရက်ခြား တစ်ကြိမ်လျှင် ကီလိုမာလကာသီးများကို ဆွတ်ခူးရောင်းချရကြောင်း သိရသည်။

ရဲဝင်းနိုင်(ညောင်ဦး)