ပွင့်ဖြူမြို့နယ်၌ အပြည်ပြည်ဆိုင်ရာစစ်တုရင်ပြိုင်ပွဲတွင် ဆုရရှိသူများအား ဂုဏ်ပြုဆုချီးမြှင့်

ပွင့်ဖြူ၊  ၁၄   ဇွန်

 

မကွေးတိုင်းဒေသကြီး ပွင့်ဖြူမြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၏ ဉီးဆောင်မှုဖြင့် မြို့နယ်အားကစားနှင့် ကာယ ပညာဦးစီးဌာနမှ အနီးကပ်ကြီးကြပ်၍ ကျင်းပပြုလုပ်သည့် အပြည်ပြည်ဆိုင်ရာ စစ်တုရင်ပြိုင်ပွဲတွင် (ပထမ၊ ဒုတိယ၊ တတိယ) ဆုရရှိသူများအား ဂုဏ်ပြုဆုပေးအပ်ချီးမြှင့်ခြင်း အခမ်းအနားကို ယနေ့ မွန်းတည့် ၁၂ နာရီက မြို့နယ်အားကစား နှင့် ကာယပညာဦးစီးဌာနရုံး အစည်းအဝေးခန်းမ၌ ကျင်းပသည်။

 

အခမ်းအနားတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဉီးအောင်မြတ်ခိုင်က အဖွင့်အမှာစကား ပြောကြားပြီး မင်းဘူးခရိုင်အားကစားနှင့် ကာယပညာဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်နှင်းယုဇံက စစ်တုရင် အားကစားနည်းတွင် လိုက်နာရမည့် ဆောင်ရန်ရှောင်ရန်များကို ရှင်းလင်းဆွေးနွေး ပြောကြားသည်။ ဆက်လက်၍ မြို့နယ်အားကစားနှင့် ကာယပညာဦးစီးဌာန မြို့နယ်အားကစားမှူး ဉီးရန်လင်းအောင်က ပြိုင်ပွဲတွင် ဆုရရှိသူများအား  ဆုချီးမြှင့်မည့်အစီအစဉ်များကို ရှင်းလင်းဆွေးနွေး ပြောကြားသည်။

 

ထို့နောက် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးအောင်မြတ်ခိုင်နှင့် တာဝန်ရှိသူများက အပြည်ပြည်ဆိုင်ရာစစ်တုရင်ပြိုင်ပွဲ အကြီးတန်းနှင့် အငယ်တန်းပြိုင်ပွဲတွင် (ပထမ၊ ဒုတိယ၊ တတိယ)ဆုရရှိသူများကို တစ်ဦးချင်းအလိုက် ဂုဏ်ပြုဆုများ ပေးအပ်ချီးမြှင့်ခဲ့ကြသည်။

 

ရဲဝင်းနိုင် (ညောင်ဦး)