ပင်လယ်ပြင်ခရီးအတွက် မိုးလေ၀သခန့်မှန်းချက်

၂၀၂၁ ခုနှစ်၊ နိုဝင်ဘာ ၂၈ ရက်၊ နံနက် ၁၀:၃၀ နာရီထုတ်ပြန်ချက်

 

မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှု ဦးစီးဌာနမှ ယနေ့ နံနက် ၁၀ နာရီခွဲ ထုတ်ပြန်သည့် မိုးလေဝသ သတင်းအရ ကပ္ပလီပင်လယ်ပြင်မြောက်ပိုင်း၊ ဘင်္ဂလားပင်လယ်အော်မြောက်ပိုင်းနှင့် အရှေ့အလယ်ပိုင်းတို့တွင် တိမ်အနည်းငယ် ဖြစ်ထွန်းနေပြီး၊ ကပ္ပလီပင်လယ်ပြင် တောင်ပိုင်းနှင့် ကျန်ဘင်္ဂလားပင်လယ်အော်တို့တွင် တိမ်အသင့်အတင့်မှ တိမ်ထူထပ်နေသည်။

 

ရန်ကုန်မှ တနင်္သာရီကမ်းရိုးတန်းတစ်‌​လျှောက် ပင်လယ်ပြင်ခရီးအတွက် ယနေ့မွန်းတည့်မှ နောက် ၂၄ နာရီအတွင်း မိုးလေ၀သခန့်မှန်းချက် အနေဖြင့် နေရာကွက်ကျား မိုးထစ်ချုန်းရွာနိုင်သည်။ အမြင်တာ လေး မိုင်၊ မိုးရွာစဉ် တဟ်မိုင်ခန့်ရှိနိုင်သည်။ ရေပြင်လေမှာ အရှေ့(သို့) အရှေ့မြောက်၊ တစ်နာရီပင်လယ်မိုင် ၅-၁၀ မိုင်၊ တစ်ခါတစ်ရံ ၂၅ မိုင်ရှိနိုင်သည်။  လှိုင်းအနည်းငယ်မှ လှိုင်းအသင့်သင့်အတင့်ရှိမည်။ လှိုင်းအမြင့်မှာ လေးပေမှ ခုနစ်ပေခန့်ရှိမည်။

 

ရန်ကုန်မှ ရခိုင်ကမ်းရိုးတန်းတစ်လျှောက် ပင်လယ်ပြင်ခရီးအတွက် ယနေ့မွန်းတည့်မှ နောက် (၂၄) နာရီအတွင်း မိုးလေ၀သခန့်မှန်းချက်အနေဖြင့် နေရာကွက်ကျား မိုးထစ်ချုန်းရွာနိုင်သည်။ အမြင်တာ လေးမိုင်၊ မိုးရွာစဉ်တစ်မိုင်ခန့်ရှိနိုင်သည်။ ရေပြင်လေမှာ အရှေ့(သို့) အရှေ့မြောက်၊ တစ်နာရီပင်လယ်မိုင် ၅-၁၀ မိုင်၊ တစ်ခါတစ်ရံ ၂၅မိုင် ရှိနိုင်သည်။ လှိုင်းအနည်းငယ်မှ လှိုင်းအသင့်သင့်အတင့်ရှိမည်။ လှိုင်းအမြင့်မှာ လေးပေမှ ခုနစ်ပေခန့်ရှိမည်။

 

Credit> မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာန