ပင်လည်ဘူးမြို့နယ်တွင် ကိုရင်လေးတစ်ပါးအား ဦးပဉ္စင်းသုံးပါးမှ ရိုက်သဖြင့် သေဆုံးမှုဖြစ်ပွား

ပင်လည်ဘူး ၂၄ စက်တင်ဘာ

စစ်ကိုင်းတိုင်းဒေသကြီး၊ ပင်လည်ဘူးမြို့နယ်၊ ပင်းကြိုင်းကျေးရွာ ဘုန်းတော်ကြီးကျောင်း သဒ္ဓမ္မနန္ဒပရိယတ္တိ စာသင်တိုက်တွင် ကိုရင်လေးတစ်ပါးအား ဦးပဉ္စင်းသုံးပါးမှ ရိုက်သဖြင့် သေဆုံးသွားကြောင်း သိရသည်။

ဖြစ်စဥ်မှာ စက်တင်ဘာ ၂၃ ရက် ည ၁၁ နာရီ မိနစ် ၄၀ ခန့်က ပင်လည်ဘူးမြို့နယ်၊ ပင်းကြိုင်းကျေးရွာရှိ ပရိယတ္တိစာသင်တိုက်တွင် ပထမငယ်စာသင်တန်းသား အသက်(၁၃)နှစ်အရွယ် ကိုရင် ရှင်ရာစိန္ဒ (ခ) သစ်သစ်ဆန်းဦးအား ဖုန်းပျောက်သည့်ကိစ္စဖြင့် မသင်္ကာသဖြင့် ဥူးတေဇနိယ (ခ) မောင်ပြုံး၊ ဥူးသီရိန္ဒ (ခ) ဇော်ဝင်းနိုင်နှင့် ဥူးတေဇိန္ဒ (ခ) နေမျိုးအောင်တို့သုံးပါးမှ မီးပလတ်ကြိုး၊ ဝါးခြမ်းပြားတို့ဖြင့် ရိုက်နှက်စစ်ဆေးရာ ရရှိသောဒဏ်ရာဖြင့် ပင်လည်ဘူးမြို့ ပြည်သူ့ဆေးရုံတွင် ဆေးကုသမှုခံယူနေစဉ် သေဆုံးသွားသဖြင့် အဆိုပါ ဦးပဉ္စင်းသုံးပါးအား လူဝတ်လဲစေပြီး ပင်လည်ဘူးမြို့မရဲစခန်းမှ ဖမ်းဆီးအရေးယူ ဆောင်ရွက်ထားကြောင်း သိရသည်။

လူအောင်(ကသာ)