ပင်လည်ဘူးမြို့၌ ရာသီပေါ်ဒေသထွက်ဖရဲသီးများ ရောင်းကောင်း၍ မိသားစုအပိုဝင်ငွေများရရှိ

ပင်လည်ဘူး ၈ ဧပြီ

 

စစ်ကိုင်းတိုင်းဒေကြီး  ပင်လည်ဘူးမြို့၌ ပွင့်လင်း ရာသီချိန် ဒေသထွက် ဖရဲသီးစိုက်တောင်သူများ ဖရဲသီးများ ရောင်းကောင်း၍ တစ်နေ့တာ မိသားစုအပိုဝင်ငွေများရရှိကာ စီးပွားရေး တွက်ခြေကိုက်ကြောင်း သိရသည်။

 

ပင်လည်ဘူးမြို့နယ်တွင် ဖရဲသီးကို အခွံ အဖြူကြားသီးနှင့်အစိမ်းသီး နှစ်မျိုးကိုစိုက်ပျိုးကြပြီး အခွံ အဖြူကြားသီးကို အများဆုံးစိုက်ပျိုးကြကြောင်း၊  ဒေသထွက်ဖရဲသီးများကို  နုန်းမြေစိုက်ခင်းများနှင့် လယ်ကွက်များတွင် မိုးစပါးရိတ်သိမ်းပြီးချိန် ပြာသို-တပိုတွဲလတို့တွင် စတင်စိုက်ပျိုးကြပြီး စိုက်ပျိုးချိန်မှ အပွင့် အသီးသီးမှည့်ချိန်အထိ ရက်ပေါင်းတစ်ရာကြာရှိကြောင်း၊ ယခု ဖရဲသီးကို အခင်းက ကောက်ပြီး မြို့ပေါ်မှာလာရောင်းကြကြောင်း၊ ဖရဲသီးတစ်လုံးလျှင် အလုံး အကြီး၊ အသေး၊ အမျိုးအစား အပါ်မူတည်၍ ၅၀ဝ ကျပ်၊ ၁၀ဝ၀ ကျပ်၊ ၁၅၀ဝ/၂၀ဝ၀ ကျပ်ထိ ရောင်းရပြီး တစ်နေ့ကို ငွေကျပ် ၂၀ဝ၀ဝ ကျော် ၄၀ဝ၀ဝ ဖိုးလောက်ရောင်းရကြောင်း၊ ဖရဲသီးပေါ်ချိန် ရောင်းရငွေတစ်နှစ်ကို ငွေကျပ် ၅ သိန်းကျော်၊  ၆ သိန်းကျပ် အထိရရှိကြောင်း ကသောကျေးရွာမှ ဖရဲသီးစိုက်ပျိုးရောင်းချသူတစ်ဦးက ပြောသည်။

 

ရာသီပေါ်ချိန် ဒေသထွက် ဖရဲသီးများကို စိုက်ခင်းများနှင့်လက်လီရောင်းချသူများထံမှလည်း တစ်ဆင့်ကူးဝယ်ယူရောင်းချသူများလည်းရှိကြောင်း၊ တစ်ပိုင်တစ်နိုင်စီးပွားဖြစ် ဖရဲသီးစိုက်ပျိုး ရောင်းသူများ မိသားစုအပိုဝင်ငွေများရရှိပြီး စီးပွားရေး တွက်ချေကိုက်ကြောင်း သိရသည်။

 

မျိုးလွင်(ပင်လည်ဘူး)