ပင်လည်ဘူးမြို့၌ ကိုဗစ်-၁၉ ရောဂါကြိုတင်ကာကွယ်ရေးလုပ်ငန်း  စတင်ဆောင်ရွက်

ပင်လည်ဘူး၊ ၁၄   ဇွန်

 

စစ်ကိုင်းတိုင်းဒေသကြီး၊ ကောလင်းခရိုင်၊ ပင်လည်ဘူးမြို့တွင် ကိုဗစ်-၁၉ ရောဂါကူးစက်ပျံ့ပွားမှု မရှိစေရေးအတွက် ဇွန် ၁၄ ရက်က စတင်ပြီး ကိုဗစ်-၁၉ ရောဂါကြိုတင်ကာကွယ်ရေး စစ်ဆေးခြင်းကို ပင်လည် ဘူး-ကောလင်းလမ်း ပင်လည်ဘူးမြို့အဝင်ဂိတ်နှင့် ပင်လည်ဘူး-ဖောင်းပြင်သွားကားလမ်း မူးမြစ်ကူး တံတားဂိတ်တို့တွင် ပြန်လည်ဆောင်ရွက်လျက်ရှိသည်။

 

ထိုသို့ဆောင်ရွက်ရာတွင် မြို့နယ်  ကိုဗစ်-၁၉ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီ အဖွဲ့ဝင်များ၊ မြို့နယ်ရဲတပ်ဖွဲ့ဝင်များ၊ မြို့နယ်ဌာနဆိုင်ရာများ၊ ကျန်းမာရေးဝန်ထမ်းများ၊ မြို့နယ်မီးသတ်တပ်ဖွဲ့ဝင်များ၊ မြို့နယ်ကြက်ခြေနီတပ်ဖွဲ့ဝင်များ ပူးပေါင်းပြီး မြို့တွင်း ဝင်/ထွက်လျက်ရှိသော မော်တော်ယာဉ်များဖြင့် လိုက်ပါလာသည့် ခရီးသည်များကို ကိုယ်အပူချိန် တိုင်းတာပေးခြင်း၊ နှာခေါင်းစည်းများ တပ်ဆင်စေခြင်းနှင့် ကိုဗစ်-၁၉ ရောဂါကြိုတင်ကာကွယ်ရေး အသိပညာပေးခြင်း တို့ကို ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

 

မြို့နယ်ပြန်/ဆက်

mdn