ပင်လည်ဘူးမြို့၌ ခြင်ဆေးဖျန်းခြင်းများဆောင်ရွက်

ပင်လည်ဘူး ၉ ဇူလိုင်

 

မိုးဦးကျ မိုးရာသီအချိန်တွင် ခြင်များဥ၍ ပေါက်ဖွားကာ ခြင်များပေါသည့် အချိန်ဖြစ်သလို သွေးလွန်တုပ်ကွေး ငှက်ဖျားဖြစ်တတ်သည် ရာသီလည်းဖြစ်ရာ စစ်ကိုင်းတိုင်းဒေသကြီး ပင်လည်ဘူးမြို့၌ မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာန၊ ငှက်ဖျားတိုက်ရေးဌာနနှင့်မြို့နယ်ကြက်ခြေနီ အသင်းတို့ပူးပေါင်း၍ ခြင်ဆေးဖျန်းခြင်းများကို ဇူလိုင် ၈ ရက်နေ့ ညနေ ၄ နာရီအချိန်က ပင်လည်ဘူးမြို့ ရွှေကျောင်းပရိယတ္တ စာသင်တိုက်ဘုန်းတော်ကြီးကျောင်း၌ ပြုလုပ်ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

 

ခြင်ဆေးများကို ရွှေကျောင်းပရိယတ္တိစာသင်တိုက်ဘုန်းကြီး ကျောင်းဝင်းအတွင်းရှိ ကျောင်းဆောင်များ၊ ခြင်များ ခိုအောင်း ပေါက်ဖွားနိုင်သည့် နေရာများအား ဆေးဖျန်း ဆောင်ရွက်မှုများပြုလုပ်ခဲ့ကြပြီး  မြို့နယ်ကြက်ခြေနီအသင်းမှ  ဇူလိုင် ၁၅ ရက်နေ့တွင် ကျင်းပပြုလုပ်မည့် ပါဠိပထမပြန်စာမေးပွဲဖြေဆိုရာတွင် ဆရာတော် သံဃာများ အသုံးပြုရန်အတွက် Hand Gel များ၊ နှာခေါင်းစည်းနှင့် လက်အိတ်တို့ကိုလည်း ရွှေကျောင်းဆရာတော် ဘဒ္ဒန္တဝဏ္ဏိတဗုဒ္ဓိထံသို့ ဆက်ကပ်လှူဒါန်းခဲ့ကြကြောင်း၊ ခြင်ဆေးများကို မြို့ပေါ်ရပ်ကွက် ခြင်များပေါပြီး ခိုအောင်းနိုင်သော အခြားနေရာများသို့လည်း လိုအပ်ပါက ဆေးဖျန်းဆောင်ရွက်မှုများ ပြုလုပ်သွားမည်ဖြစ်ကြောင်း သိရသည်။

 

မျိုးလွင်(ပင်လည်ဘူး)