ပင်လောင်းမြို့နယ်တွင်  ကိုဗစ်-၁၉ ပိုးတွေ့လူနာသစ် ၆၃ ဦး တွေ့ရှိပြီး၊ ကျန်းမာရေးကောင်းမွန်၍ ဆေးရုံများမှ ဆင်းခွင့်ရရှိသူ ၁၆ ဦးရှိ

ပင်လောင်း   အောက်တိုဘာ   ၁၃

 

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ပင်လောင်းမြို့နယ်တွင် မြို့နယ်ပြည်သူ့ဆေးရုံနှင့် သက်ဆိုင်ရာတိုက်နယ် ဆေးရုံများတွင် လာရောက်စစ်ဆေးခံသူ ၆၄ ဦးအား RDT Test Kit ဖြင့်စစ်ဆေးချက်များအရ ကိုဗစ်-၁၉ ရောဂါ ပိုးတွေ့လူနာအသစ်(၁၇) ဦးနှင့် PCR နည်းဖြင့် ရယူ ပေးပို့စစ်ဆေးသူ ၁၃၃ဦးတွင် ပိုးတွေ့လူနာအသစ် ၆၄ ဦးတွေ့ရှိကြောင်း သိရသည်။ 

 

ပင်လောင်းမြို့နယ်အတွင်း၌ ၂၀၂၁ခုနှစ်ဇွန်လ ၃၀ ရက်တွင် ကိုဗစ်-၁၉ ရောဂါ  စတင်ကူးစက်ပြန့်ပွားလာပြီး ယနေ့အထိ ပိုးတွေ့လူနာပေါင်း ၁၇၅၁ ဦး ရှိပြီးမြို့နယ်ဆေးရုံနှင့် တိုက်နယ်ဆေးရုံ လေးရုံတို့တွင် ကိုဗစ်-၁၉ ရောဂါ စောင့်ကြပ်ကြည့်ရှု ကုသရေး စင်တာများသီးသန့်ဖွင့်လှစ်၍ ကျန်းမာရေး စောင့်ရှောက်ကုသမှုများပေးခဲ့ရာ ကျန်းမာရေးပြန်လည်ကောင်းမွန်လာ၍ ဆေးရုံများမှ ဆင်းခွင့်ရရှိသူစုစုပေါင်း ၁၄၈၅ ဦးရှိသွားပြီဖြစ်ကြောင်း သိရသည်။

 

ထို့အပြင် လွှဲပြောင်း လူနာ ၁၂ ဦး၊ လွှဲပြောင်းလူနာများမှ ဆေးရုံဆင်းခွင့်ရရှိသူ ၇ ဦး၊သေဆုံးလူနာ ၁၈ ဦးရှိပြီး၊ ဆေးရုံတက်ရောက်ကုသဆဲလူနာ ၂၄၅ ဦးအား ကျန်းမာရေး စောင့်ရှောက်မှုများ ဆက်လက်ပြုလုပ် ပေးလျက်ရှိကြောင်း မြို့နယ်ပြည်သူ့ကျန်းမာရေး ဦးစီးဌာနမှ သိရှိရသည်။

 

ထွန်းလင်း(ပင်လောင်း)