ပင်လောင်းမြို့နယ်၌ "ရွှေပြည်စံ" ခရီးသည်တင်မှန်လုံယာဉ် တိမ်းမှောက်မှုဖြစ်ပွားရာ  ၁၀ ဦး ဒဏ်ရာရ

နေပြည်တော်  ၁၁   နိုဝင်ဘာ

 

ရှမ်းပြည်နယ်၊ ပင်လောင်းမြို့နယ်၊ နောင်ဝိုးကျေးရွာအနီး အောင်ပန်းလွိုင်ကော် ကားလမ်း မိုင်တိုင်အမှတ် (၆၂/၆-၇)ကြား၌ ခရီးသည်တင် မှန်လုံယာဉ်တစ်စီး တိမ်းမှောက်မှုကြောင့် ယာဉ်ပေါ်ပါခရီးသည် (၁၀) ဦးတွင် ဒဏ်ရာများ ရရှိခဲ့ကြောင်း သိရသည်။

 

ဖြစ်စဉ်မှာ နိုဝင်ဘာလ ၁၀ ရက် မွန်းလွဲ ၃ နာရီ ၄၅ မိနစ်အချိန်တွင် အောင်ပန်းဘက်မှ လွိုင်ကော်ဘက်သို့သို့ မိတ္ထီလာမြို့၊ ဝမ်းတော်ပြည့်တိုးချဲ့ရပ်ကွက်နေ ဇော်မင်း(၃၆)နှစ်မောင်းနှင်ပြီး ယာဉ်နောက်လိုက်များအဖြစ် ဝေယံလွင်ဦး (၂၁)နှစ်၊ သက်ပိုင်(၃၀)နှစ်နှင့် ခရီးသည်(၄၄)ဦးတို့ လိုက်ပါလာသည့် "ရွှေပြည်စံ" ခရီးသည်တင် မှန်လုံယာဉ်သည် အခင်းဖြစ်ရပ်အရောက်၌ ဘရိတ်ပေါက်ပြီး လမ်း၏ ယာဘက်သို့ ထိုးကျတိမ်းမှောက်ခဲ့သဖြင့် ယာဉ်ပေါ်ပါ ခရီးသည်(၁၀)ဦးတွင် ဒဏ်ရာများရရှိခဲ့၍ ဖယ်ခုံမြို့ ပြည်သူ့ဆေးရုံသို့ ပို့ဆောင်ကုသခဲ့ရသောကြောင့် ယာဉ်မောင်း ဇော်မင်းအား ပင်လောင်း မြို့မရဲစခန်းမှ အမှုဖွင့် ဆောင်ရွက်လျက်ရှိကြောင်း ရဲပြန်ကြားမှ သတင်းရရှိသည်။

 

MDN