ပင်လောင်းမြို့၌ Covid-19 ရောဂါ တားဆီးကာကွယ်ရန် စားသောက်ကုန်၊ သောက်သုံးရေနှင့် ပစ္စည်းများလှူဒါန်း

ပင်လောင်း ၃ ဧပြီ

 

ရှမ်းပြည်နယ်(တောင်ပိုင်း) ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ပင်လောင်းမြို့နယ်၊ အ.ထ.က.(၁)တွင် ဖွင့်လှစ်ထားသော Community Base Facility Quarantine တွင် ၁၄ ရက်တာကာလ စောင့်ကြပ်ကြည့်ရှုမှု ပြုလုပ်ထားသော ပြည်ပမှပြန်လာသူ ၃၈ ဉီးအတွက် လိုအပ်သော အသုံးအဆောင်ပစ္စည်းများ၊ စားသောက်ကုန်များ၊ တစ်ကိုယ်ရည်သန့်ရှင်းရေးအတွက် လိုအပ်သော သောက်သုံးရေများ ဖြည့်ဆည်းလှူဒါန်းပေးမှုအား ဧပြီ ၃ ရက် နံနက်ပိုင်းက အဆိုပါစောင့်ကြည့်စခန်းတွင် ပြုလုပ်ခဲ့သည်။

 

မြို့နယ်ကုသရေးနှင့် ပြည်သူ့ကျန်းမာရေး ဦးစီးဌာနမှူး ဒေါက်တာခင်သိန်းထွေး ဉီးဆောင်သော ကျန်းမာရေးဝန်ထမ်းများ၊ စည်ပင်သာယာရေးဌာနမှ ဝန်ထမ်းများ၊ မီးသတ်ဉီးစီးဌာနမှ ဝန်ထမ်းများ၊ လျှပ်စစ်ဓာတ်အားဖြန့်ဖြူးရေးလုပ်ငန်းမှ ဝန်ထမ်းများ၊ အလှူရှင်များက စခန်းသို့ ရောက်ရှိနေသူများ သုံးစွဲရန်အတွက် ဂါလန် ၁၆၀၀ ဆံ့ ယာယီရေသိုလှောင်ကန် ပြုလုပ်ကြပြီး ကုသရေးနှင့် ပြည်သူ့ကျန်းမာရေးဉီးစီးဌာနမှ ကျန်းမာရေးစောင့်ရှောက်ပေးခြင်း၊ စောင့်ကြည့်ခံရသူ ပြည်သူများအတွက် လက်ကိုင်ဖုန်းများဖြင့် Covid-19 ကိုရိုနာဗိုင်းရပ်ရောဂါအကြောင်း သက်ဆိုင်ရာဌာနများမှ နေ့စဉ်သတင်းများ ထုတ်လွှင့်ပေးနေမှုနှင့် ပညာပေးအစီအစဉ်များ ကြည့်ရှုနိုင်ရန်အတွက် ၅၀၀၀ ကျပ်တန် ဖုန်း ဘေလ်များအား (၅)ရက်တစ်ကြိမ် ထည့်သွင်းပေးခြင်း၊ စည်ပင်သာယာရေးဌာနမှ တစ်ကိုယ်ရည်သန့်ရှင်းရေးတွင် အသုံးပြုရန်အတွက် ရေပုံး(၂၃)ပုံး၊ ဆပ်ပြာခွက်(၄၀)ခွက်၊ ရေခွက်(၃၉)ခွက်၊ ဆပ်ပြာထည့်ရန်ခြင်း (၁၀)ခု၊ အိမ်သာသန့်ရှင်းရေးသုံးပစ္စည်း (၆)ခုနှင့် သုံးစွဲရန် ရေကား(၂)စီး၊ မီးသတ်ဦးစီးဌာနမှ သုံးစွဲရန် ရေကား(၁) စီး၊ လျှပ်စစ်ဉီးစီးမှူးနှင့် ဝန်ထမ်းများက အာဟာရဖြည့် အစားအစာများဖြစ်သည့် ခေါက်ဆွဲခြောက် (၁၃)ဖာ၊ ကြက်ဥ(၁၁၀)လုံးနှင့် ကော်ဖီမစ်ထုတ်များ လှူဒါန်းခဲ့ကြောင်း သိရသည်။

 

မြို့နယ်(ပြန်/ဆက်)