ပလောက်မြို့တွင် ၂၀၁၈ခုနှစ်တွင် ပြင်ဆင်ထားသည့် မြေလွတ်၊ မြေလပ်နှင့်မြေရိုင်းများ ဥပဒေအကြောင်း အသိပညာပေးဟောပြော

ပလောက်   ၈  ဇန်နဝါရီ

တနင်္သာရီတိုင်းဒေသကြီး မြိတ်ခရိုင် ပလောက်မြို့ ပြည်ခြားကျေးရွာ၌ ဒေသခံပြည်သူများအား ၂၀၁၈ခုနှစ်တွင် ပြင်ဆင်ထားသည့် မြေလွတ်၊ မြေလပ်နှင့်မြေရိုင်းများ ဥပဒေအကြောင်း အသိပညာ ပေးဟောပြောပွဲကို ဇန်နဝါရီလ ၈ ရက် နံနက်ပိုင်းက ပြည်ခြားကျးရွာ ခရစ်ယာန်ဘုရားကျောင်းတွင် ဟောပြောခဲ့သည်။

ဟောပြောပွဲတွင် ပလောက်မြို့အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ မြို့အုပ်ချုပ်ရေးမှုး ဦးမျိုးဝေက "တောင်သူများ တစ်နိုင်တစ်ပိုင်လုပ်ကိုင်ထားတဲ့ဥယျာဉ်ခြံများမှာ တချို့သောဥယျာဉ်ခြံများက ပိုင်ဆိုင်မှုမရှိသေးတဲ့ ဥယျာဉ်ခြံမြေများကို မိမိကိုယ်တိုင်ဖြစ်စေ၊ မိမိ၏သားသမီးများက ဖြစ်စေ ပိုင်ဆိုင်မှု အထောက်အထားများ လျောက်ထားရန်" ကိစ္စနှင့်ပတ်သက်သည့် အချက်အလက်များ အသိပညာပေးဟောပြောပြီး ပလောက်မြို့လယ်ယာမြေစီမံခန့်ခွဲရေးနှင့်စာရင်းအင်းဦးစီးဌာန ဦးစီးမှူး ဦးသက်လွင်က"လယ်ယာမြေလုပ်ပိုင်ခွင့်ပြုလက်မှတ် ပုံစံ(၇)က ဘုရင့်တောင်ကျေးရွာ၌ တောင်သူများက လျှောက်ထားပြီးသားရှိသလို၊ မလျှောက်ထားသေးတဲ့ တောင်သူများကလည်း လယ်ယာမြေလုပ်ပိုင်ခွင့်ပြုလက်မှတ်ပုံစံ (၇) ရရှိအောင် လျှောက်ထားရန်၊ မြေလွတ်၊ မြေလပ်နှင့်မြေရိုင်းများဥပဒေအကြောင်း" သိကောင်းစရာများကို အသိပညာပေးဟောပြောခဲ့ကြောင်း သိရှိရသည်။

နိုင်ဦး(ပလောက် ပြန်/ဆက်)