PlayStation 5 နိုဝင်ဘာမှာ ဖြန့်ချိမယ်

၁၇ စက်တင်ဘာ

 

ဆိုနီက ထုတ်လုပ်တဲ့ PlayStation 5 နိုဝင်ဘာလမှာ ဈေးကွက်ထဲကို မိတ်ဆက်ဖြန့်ချိပေးမယ်လို့ သိရပါတယ်။ ကပ်ရောဂါဖြစ်ပွားနေတဲ့ ကာလအတွင်းမှာ ဗီဒီယိုဂိမ်းတွေဟာ ဈေးကွက်မှာ နေရာယူနေခဲ့ပါတယ်။

 

နိုဝင်ဘာ ၁၂ ရက်နေ့မှာ PS5 ကို ဩစတြေးလျ၊ မြောက်အမေရိကနိုင်ငံတွေ၊ နယူးဇီလန်၊ မက္ကဆီကို၊ ဂျပန်နဲ့ တောင်ကိုရီယားနိုင်ငံတွေမှာ စတင်ကစားနိုင်မှာဖြစ်ပေမယ့် ကမ္ဘာ့ရဲ့ ကျန်နေရာဒေသတွေမှာတော့ သီတင်းတစ်ပတ်နောက်ကျပြီး နိုဝင်ဘာ ၁၉ ရက်မှ ကစားနိုင်မယ်လို့ သိရပါတယ်။

 

PS5 ရဲ့ အထူးထုတ်ကတော့ အမေရိကန်ဒေါ်လာ ၅၀၀ ပေးရမယ်လို့ သိရပါတယ်။ ဆိုနီရဲ့ PS5 ကို ဒီဂျယ်တယ်ပုံစံကတော့ အမေရိကန် ဒေါ်လာ ၄၀၀ ပေးရမယ်လို့ သိရပါတယ်။

 

မိုက်ကရိုဆော့က ထုတ်လုပ်တဲ့ XBox ရဲ့နောက်ဆီးရီးကို နိုင်ဝင်လာ ၁၀ ရက်နေ့မှာ ထုတ်မှာဖြစ်ပြီး အဲဒီဂိမ်းရဲ့ ဈေးနှုန်းကလည်း PS5 ရဲ့ ဈေးနဲ့ တူတာကို တွေ့ရပါတယ်။ Xbox ရဲ့ Series X ဟာ ကြိုတင်ဝယ်ယူသူတွေအတွက် စက်တင်ဘာ ၂၂ ရက်နေ့မှာ စတင်ရရှိမှာဖြစ်ပါတယ်။

 

Xbox ရဲ့ S ဂိမ်းကို နိုဝင်ဘာလမှာ အမေရိကန် ဒေါ်လာ ၂၉၉ နဲ့ ဈေးချပြီး ရောင်းချမယ်လို့ သိရပါတယ်။

အမေရိကန်နိုင်ငံ တစ်နိုင်ငံတည်းမှာ ဗီဒီဂိမ်းအတွက် ၂၀၂၀ အတွင်း အမေရိကန်ဒေါ်လာ ၂၆ ဘီလီယံသုံးစွဲထားကြောင်း သိရပါတယ်။

 

MDN

ကိုးကား - AFP