ပခုက္ကူခရိုင်ငါးလုပ်ငန်းဦးစီး ဧရာဝတီမြစ်အတွင်း ငါးမျိုးစိုက်ထည့်

ပခုက္ကူ ၂၁ စက်တင်ဘာ 


မကွေးတိုင်းဒေသကြီး ငါးလုပ်ငန်းဦးစီးဌာနမှကြီးမှူး၍ ပခုက္ကူခရိုင်ငါးလုပ်ငန်းဦးစီးဌာနမှ ငါးသယံဇာတများ တိုးပွားစေရန်ရည်ရွယ်၍ ဧရာဝတီမြစ်အတွင်း ငါးမြစ်ချင်းငါးသားပေါက် ကောင်ရေ(၂)သိန်း၊ ငါးခုံးမကြီး ငါးသားပေါက်ကောင်ရေ(၁)သိန်း၊ စုစုပေါင်း ငါးသားပေါက် ကောင်ရေ(၃)သိန်းကို ပခုက္ကူခရိုင်ငါးလုပ်ငန်းဦးစီးဌာနမှ ခရိုင်ဦးစီးဌာနမှူး ဒေါ်ဥမ္မာထွန်းနှင့် ဝန်ထမ်းများမှ ယမန်နေ့က မျိုးစိုက်ထည့်ပေးခဲ့ပါသည်။ ထို့နောက် ၂၀၂၀ ပြည့်နှစ် ဂရန်အင်း များအတွင်း ငါးမျိုးစိုက်ထည့်ရန် ငါးသားပေါက်များ ပေးအပ်ခြင်းကိုလည်း ကျင်းပဆောင်ရွက်ခဲ့ပါသည်။


ငါးလုပ်ငန်းဦးစီးဌာန