Pizza(ပီဇာ) မုန့်ပြုလုပ်နည်းသင်တန်း အခမဲ့ ဖွင့်လှစ်မည်

ရန်ကုန်  ၃၁  မေ  

 

ရန်ကုန်တိုင်းဒေသကြီး၊ အရှေ့ပိုင်းခရိုင်၊ တောင်ဥက္ကလာပမြို့နယ်၊ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ပြည်သူ့စာကြည့်တိုက်ရှိ လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမတွင် ဇွန် ၂ ရက်နေ့ (တနဂငေ်္နွနေ့) နံနက် ၉ နာရီခွဲအချိန်၌ တောင်ဥက္ကလာပမြို့နယ် (Women Club)အဖွဲ့၊ အမျိုးသမီးရေးရာအဖွဲ့တို့နှင့် ပူးပေါင်း၍ Pizza(ပီဇာ)မုန့်ပြုလုပ်နည်းသင်တန်းအား ဖွင့်လှစ်သင်ကြားမည် ဖြစ်သည်။

 

အဆိုပါသင်တန်းကို ဆရာမဒေါ်မော်မော်ဦးမှ သင်ကြားပေးမည်ဖြစ်ပြီး သင်တန်းကြေးပေးသွင်းစရာမလိုဘဲ ပရဟိတအနေဖြင့် ဖွင့်လှစ်သင်ကြားပေးမည်ဖြစ်သောကြောင့် မည်သူမဆို တက်ရောက်နိုင်ကြောင်း သတင်းရရှိသည်။

 

ဝင်းထက်ထက်အောင်(ပြန်/ဆက်)