ဖလမ်းမြို့တွင် မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်ခွဲ အဆောက်အဦသစ်ဖွင့်ပွဲ ကျင်းပ

ဖလမ်း     ၁၂       နိုဝင်ဘာ  

    

ဖလမ်းမြို့နယ် မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်ခွဲ အဆောက်အဦဖွင့်ပွဲကို နိုဝင်ဘာ ၁၂ ရက် မွန်းလွဲ ၁ နာရီက အဆိုပါရုံး၌ ပြုလုပ်သည်။

 

ရှေးဦးစွာ ချင်းပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်ဝန်ကြီးချုပ် ဦးဆလိုင်းလျန်လွယ်နှင့် စီမံကိန်း နှင့် ဘဏ္ဍာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးစက်အောင်တို့က အမှာစကားပြောကြားကြသည်။ ထို့နောက် မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်ခွဲ ဖွင့်ပွဲအထိမ်းအမှတ်အလံကို မြန်မာ့လယ်ယာဖွံ့ဖြိုးရေး ဘဏ် ဦးဆောင်ညွှန်ကြားရေးမှူး ဦးမင်းသူကလည်းကောင်း၊ ဖွင့်ပွဲအထိမ်းအမှတ် ဓာတ်ပုံကို ချင်းပြည်နယ်ဘဏ်ခွဲမန်နေဂျာ ဦးကျော်လွင်တို့ကလည်းကောင်း အသီးသီးပေးအပ်ကြပြီး ပြည်နယ် ဝန်ကြီးချုပ်နှင့် ဒုတိယဝန်ကြီးတို့က လက်ခံရယူကြသည်။

 

ဆက်လက်၍ အဆောက်အဦသစ်အား ပြည်နယ်ဝန်ကြီးချုပ်၊ ဒုတိယဝန်ကြီး၊ ပြည်နယ် စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီး ဦးဝိကောနှင့် ဦးဆောင်ညွှန်ကြားရေးမှူး ဦးမင်းသူတို့က ဖဲကြိုးဖြတ် ဖွင့်လှစ် ပေးကြပြီး အဆောက်အဦအား လှည့်လည်ကြည့်ရှုစစ်ဆေးခဲ့ကြသည်။

 

အဆိုပါ ဆောက်အဦသည် ၂၀၁၈-၂၀၁၉ ဘဏ္ဍာရေးနှစ် ပြည်ထောင်စု၏ ငွေလုံးငွေရင်း ရန်ပုံငွေ ကျပ်သန်း (၅၉.၂၀) ဖြင့် ကရိုင်တားကုမ္ပဏီက တာဝန်ယူတည်ဆောက်သော ပေ(၅၀×၄၀)ရှိ RC တစ်ထပ်တိုက် ဖြစ်ကြောင်း သိရသည်။

 

ဂျွန်( ပြန်/ဆက် )