ဖိလစ်ပိုင်နိုင်ငံတွင် ပြုလုပ်ကျင်းပသည့် Mr.Universe Tourism 2019 ပြိုင်ပွဲသို့ မြန်မာနိုင်ငံကိုယ်စားပြု တအာင်း(ပလောင်)တိုင်းရင်းသားတစ်ဦး သွားရောက်ယှဉ်ပြိုင်

ကွတ်ခိုင်    ၂၄    နိုဝင်ဘာ 

ဖိလစ်ပိုင်နိုင်ငံ၊ မနီလာမြို့တွင် နိုဝင်ဘာ ၁၇ ရက်နေ့မှ နိုဝင်ဘာ ၂၇ ရက်နေ့အထိ ပြုလုပ်ကျင်းပသည့် Mr.Universe Tourism 2019ပြိုင်ပွဲသို့ တအာင်း(ပလောင်)တိုင်းရင်းသားမော်ဒယ် မိုင်းဇွဲမင်းခန့်ကို Bless Myanmar Entertainmentမှ စီစဉ်ကျင်းပသည့် Mr.Universe Tourism Myanmar 2019 ပြိုင်ပွဲမှ Winner အဖြစ်ရွေးချယ်ခံရပြီး မြန်မာနိုင်ငံကိုယ်စားပြုဖြင့် ဝင်ရောက်ယှဉ်ပြိုင်ခြင်းဖြစ်ကြောင်းသိရသည်။

 

a

 

မော်ဒယ်မိုင်းဇွဲမင်းခန့်က Mr.Universe Tourism 2019ပြိုင်ပွဲသို့ မြန်မာနိုင်ငံကိုယ်စားပြုဖြင့် ဝင်ရောက်ယှဉ်ပြိုင်ခြင်းအပေါ် “ခုလို နိုင်ငံကိုယ်စားပြုအနေနဲ့ ဝင်ရောက်ယှဉ်ပြိုင်ခွင့်ရတဲ့အတွက် ဂုဏ်ယူဝမ်းမြောက်မိပါတယ်၊ ပြိုင်ပွဲအတွက် အကောင်းဆုံးဖြစ်အောင်လည်း ကြိုတင်ပြင်ဆင်ထားပါတယ်၊ နိုင်ငံကိုယ်စားပြုဝင်ရောက်ယှဉ်ပြိုခွင့်ရအောင် ရွေးချယ်ပေးတဲ့ Bless Myanmar Entertainment က တာဝန်ရှိသူတွေကိုလည်း အထူးကျေးဇူးတင်ရှိပါတယ်၊ ကျွန်တော်ကို အားပေးကြတဲ့ ပရိတ်သတ်တွေကိုလည်း ကျေးဇူးတင်ပါတယ်၊ ယခုပြိုင်ပွဲကိုလည်း ဆုတစ်ခုခုရရှိအောင် အကောင်းဆုံးယှဉ်ပြိုင်သွားပါမယ်”ဟု ပြောကြားသည်။

 

a

 

Mr.Universe Tourism 2019 ပြိုင်ပွဲသို့ မြန်မာနိုင်ငံအပါအဝင် နိုင်ငံပေါင်း(၄၀)မှ မော်ဒယ်များ ဝင်ရောက်ယှဉ်ပြိုင်ကြမည်ဖြစ်ပြီး မော်ဒယ်မိုင်းဇွဲမင်းခန့်သည် မြန်မာနိုင်ငံကိုယ်စားပြုဖြင့် ပထမဆုံး ဝင်ရောက်ယှဉ်ပြိုင်သည့် မော်ဒယ်တစ်ဦးလည်းဖြစ်ကြောင်း Bless Myanmar Entertainment က တာဝန်ရှိသူများ၏ ပြောကြားချက်အရ သိရသည်။

 

a

 

မိုင်းဘဉာဏ်(ကွက်ခိုင်)