၂ ဧပြီ
ဖိလစ်ပိုင်နိုင်ငံ သမ္မတ ဒူတာတေးက ကိုရိုနာဗိုင်းရပ်စ်ပိုး မပျံ့နှံ့အောင် ထိန်းချုပ်တဲ့အနေနဲ့ ပိတ်ဆို့ထားတဲ့ နေရာတွေရှိ စည်းမျဉ်းမလိုက်နာတဲ့သူတွေအား လုံခြုံရေးတွေက ပစ်သတ်နိုင်ကြောင်း ပြောဆိုလိုက်ပါတယ်။
ဖိလစ်ပိုင်နိုင်ငံမှာ လူဦးရေ သန်း ၁၁၀ နီးပါရှိရာ အဲဒီလူဦးရေရဲ့ တဝက်နီးပါးဟာ ဗိုင်းရပ်စ်ပိုး ထိန်းချုပ်ရန်အတွက် လက်ရှိအခြေအနေမှာ သီးသန့်ခွဲခြားနေထိုင်နေရကြောင်း သိရပါတယ်။
မနေ့ညနေပိုင်းက လုံခြုံရေးတွေကို ပစ်ခွင့်မပေးခင်မှာ မြို့တော် မနီလာ အနီးရှိ ဆင်းရဲသားရပ်ကွက်မှာ အစိုးရက အစားအစာထောက်ပံ့ပေးဖို့ ပျက်ကွက်တယ်ဆိုပြီး ဆန္ဒပြရာ လူ ၂၀ ကျော် အဖမ်းခံခဲ့ရပါတယ်။
သမ္မတ ဒူတာတေးက ရဲတွေ၊ စစ်သားတွေနဲ့ ကျေးရွာတွေမှ တာဝန်ရှိသူတွေအား ပြောကြားရာတွင် တကယ်လို့ အခုအခြနေမှာ ထုတ်ပြန်ထားတဲ့ စည်းမျဉ်းကို လိုက်နာဖို့ပျက်ကွက်ခဲ့ရင် အဲဒီလူတွေကို ပစ်သတ်နိုင်ကြောင်း ဆိုပါတယ်။
ဖိလစ်ပိုင်နိုင်ငံမှာ lockdown ပိတ်ဆို့မှု မလုပ်ခင် သီတင်းနှစ်ပတ် ကထက် အခုချိန်မှာ ဗိုင်းရပ်စ်ပိုးကူးစက်ခံရသူ ပိုများလာကြောင်းသိရပါတယ်။ ကိုရိုနာဗိုင်းရပ်စ်ကူးစက်ခံရသူ ၂,၃၁၁ ဦးနဲ့ သေဆုံးသူ ၉၆ ဦး ရှိသွားကြောင်း သိရပါတယ်။
ဖိလစ်ပိုင် ရဲချုပ်က ရဲတပ်ဖွဲ့ဝင်တွေက စည်းကမ်းမလိုက်နာတဲ့သူတွေကို အခုထိ မပစ်သေးပါကြောင်း၊ သမ္မတက အခုပြဿနာကို ကိုင်တွယ်ရန် ချမှတ်ထားတဲ့ ဥပဒေကို အသက်ဝင်အောင် အထူးလုပ်ဆောင်တာမျိုးသာဖြစ်ကြောင်း ပြောပါတယ်။
မနီလာမြို့ရှိ လူဦးရေ ၁၂ သန်းဟာ သီသန့်ခွဲခြားနေထိုင်တဲ့ စည်းမျဉ်းကြောင့် လူမှုရေး၊ ဘာသာရေးနဲ့ စီးပွားရေးလုပ်ငန်းတွေမှာ ရပ်ဆိုင်းကုန်ကြောင်း သိရပါတယ်။
MDN
ကိုးကား - AFP