ဖိလစ်ပိုင်နိုင်ငံတောင်ပိုင်းတွင် တိုက်ပွဲများဖြစ်ပွားသဖြင့် အကြမ်းဖက်သမားနှစ်ဦးနှင့် စစ်သားတစ်ဦး သေဆုံး

၃ မတ်

 

ဖိလစ်ပိုင်နိုင်ငံတောင်ပိုင်း မာဂင်ဒါနာအိုပြည်နယ်တွင် ဖြစ်ပွားသော စစ်ဆင်ရေးတစ်ခုတွင် စစ်သားတစ်ဦးသေဆုံးပြီး သံသယရှိသူ အကြမ်းဖက်သမားနှစ်ဦး သေဆုံးခဲ့သည်ဟု စစ်ဘက်ဆိုင်ရာ ထုတ်ပြန်ချက်တွင် ယနေ့ ဖော်ပြထားသည်။

 

အမ်ပါတွန် မြို့တွင် ယမန်နေ့ မနက်ပိုင်းက ထိုးစစ်ဆင်တိုက်ခိုက်မှုကြောင့် စစ်သားသုံးဦး ဒဏ်ရာရရှိခဲ့သည်ဟု မင်ဒါနာအို အလယ်ပိုင်း အထူးလုပ်ငန်းအဖွဲ့ တပ်မှူး ဗိုလ်ချုပ် ဒိုင်စဒါဒို ကာရွန် က ပြောကြားခဲ့သည်။

 

လက်နက်ကိုင်အုပ်စု ရှိနေသည်ဟူသော ဒေသခံများ၏ သတင်းပေးပို့မှုအရ ထိုစစ်ဆင်ရေးကို လုပ်ဆောင်ခဲ့ခြင်း ဖြစ်သည်ဟု ထိုထုတ်ပြန်ချက်တွင် ကာရွန် က ဆိုသည်။

 

အရပ်သားများ ကာကွယ်ပေးရန်နှင့် လူ့အဖွဲ့အစည်း၏ ခြိမ်းခြောက်မှုကို အဆုံးသတ်ရန်အတွက် ယခုစစ်ဆင်ရေးကို အရှိန်အဟုန်ဖြင့် ဆက်လက်လုပ်ဆောင်သွားမည်ဟု မင်ဒါနာအို အလယ်ပိုင်းတွင် စစ်ဆင်ရေးလုပ်ဆောင်နေသော အမှတ် ၆၀၁ ခြေလျင်တပ်ဖွဲ့ တပ်မှူး ဗိုလ်မှူးကြီး ဂျိုးဇက် နာစီစို က ကတိပြုခဲ့သည်။

 

ဖိလစ်ပိုင်နိုင်ငံတောင်ပိုင်းသည် ဒေသဆိုင်ရာ အကြမ်းဖက်မှုကြောင့် ကာလကြာရှည် ခြိမ်းခြောက်ခံခဲ့ရသည်။

 

ထိုဒေသတွင်း ဗုံးပေါက်ကွဲမှုများ၊ လုယက်မှုများနှင့် သတ်ဖြတ်မှုများ နောက်ကွယ်တွင် Abu Sayyaf အုပ်စု နှင့် Bangsamoro Islamic Freedom Fighters တို့ပါဝင်သော အကြမ်းဖက်အုပ်စုမျာ းရှိနေသည်ဟု ဆိုသည်။

 

ဖိလစ်ပိုင်စစ်တပ်သည် ဖိလစ်ပိုင်တောင်ပိုင်း မင်ဒါနာအိုဒေသရှိ အကြမ်းဖက်အုပ်စုများကို ဆက်လက်တိုက်ခိုက်မှုများလုပ်ဆောင်နေသည်။

 

ကိုးကား-ဆင်ဟွာ

ဘာသာပြန်-မြင့်မြင့်ချို