ဖိလစ်ပိုင်နိုင်ငံရဲ့ မူးယစ်ဆေး နှိမ်နင်းတဲ့ စစ်ဆင်ရေး အတွင်းမှာ ကလေးငယ် ၁၂၂ ဦး အသတ်ခံရကြောင်း ထုတ်ပြန်

၁ ဇူလိုင်

 

 

ဖိလစ်ပိုင်နိုင်ငံမှာ မူးယစ်ဆေး နှိမ်နင်းတဲ့ စစ်ဆင်ရေး အတွင်းမှာ ကလေးငယ် ၁၂၂ ဦး အသတ်ခံရတယ်လို့ တွေ့ရှိရတဲ့အတွက်  ကုသမဂ္ဂအား အရေးယူပေးရန် အစိုးရ မဟုတ်တဲ့ အဖွဲ့စည်းနှစ်ခုက တနင်္လာနေ့က တိုက်တွန်းလိုက်ပါတယ်။

 

 

အစိုးရမဟုတ်တဲ့ အဖွဲ့စည်းနှစ်ခုဖြစ်တဲ့ World Organization Against Torture (OMCT) နဲ့ Children's Legal Rights and Development Center (CLRDC, Philippines) ရဲ့ ထုတ်ပြန်ချက်မှာ သူတို့ တွေ့ရှိထားတဲ့ အရေအတွက်ထက် ပိုများမှာကို စိုးရိမ်ကြောင်းနဲ့ ကုလသမဂ္ဂ လူအခွင့်ရေး ကောင်စီကနေ ဖိလစ်ပိုင်နိုင်ငံရဲ့ အခြေအနေကို စစ်ဆေးရန် ပြင်ဆင့်ကြောင်း အကြံပြုထားပါတယ်။

 

 

အစိုးရ မဟုတ်တဲ့ အဖွဲ့စည်းနှစ်ခုရဲ့ ထုတ်ပြန်ချက်မှာ အသက် တစ်နှစ်ကနေ ၁၇ နှစ်အထိ အရွယ် ကလေးငယ်ပေါင်း ၁၂၂ ဦးကို ၂၀၁၆ ခုနှစ် ဇူလိုင်မှ ၂၀၁၉ ခုနှစ် ဒီဇင်ဘာလ အတွင်းမှာ အသတ်ခံခဲ့ရကြောင်း၊ ၁၂၂ ဦးဆိုတာ ကနဦး တွေ့ရှိခဲ့ဖြစ်ပြီး ဒီ့ထက်ပိုများနိုင်တဲ့ အရေအတွက် ရှိနိုင်ကြောင်း OMCT အဖွဲ့ရဲ့ အထွေထွေ အတွင်းရေးမှူး က ပြောပါတယ်။

 

 

မူးယစ်ဆေး တိုက်ဖျက်ရေး အတွင်းမှာ အငယ်ဆုံး ကလေးဟာ လ ၂၀ သာ ရှိသေးတဲ့ ကလေးငယ်ဖြစ်ကြောင်း၊ ဒီနှစ် ၂၀၂၀ မှာ ကလေးငယ် ၇ ဦးကို ဇန်နဝါရီကနေ မတ်လအတွင်း အသတ်ခံခဲ့ရကြောင်း ထုတ်ပြန်ချက်မှာ ရေးသားထားပါတယ်။

 

 

သမ္မတ ဒူတာတေးရဲ့ မူးယစ်ဆေး နှိမ်နင်းမှု အတွင်းမှာ တိုက်ရိုက် ဆက်နွယ်သူများ သတ်ဖြတ်ခံရခြင်း၊ အဓိက ပစ်မှတ်ထားသူကို မတွေ့ရှိတဲ့ အချိန်မှာ ကြားခံလူကို အသတ်ခံရခြင်း၊ တခြားသူကို သတ်ဖြတ်နေချိန်မှာ မျက်မြင်အဖြစ် ရှိနေသူတွေ အသတ်ခံရခြင်း၊ သက်သေခံမှတ်တမ်း မှားယွင်းပြီး သတ်ဖြတ်ခံရခြင်း၊ ရဲတပ်ဖွဲ့ရဲ့ စစ်ဆင်ရေးအတွင်းမှာ မမျှောင်လင့်ဘဲ သေနတ်မှ ကျည်ထွက် သွားတဲ့အတွက် အသတ်ခံရခြင်း စတဲ့အချက်တွေနဲ့အသတ်ခံခဲ့ရကြောင်းဖော်ပြထားပါတယ်။

 

 

သမ္မတရဲ့ မူးယစ်ဆေး နှိမ်နင်းမှု စစ်ဆင်ရေးမှာ တရားဉပဒေ ပြင်ပကနေ အသတ်ခံရသူပေါင်း ၂၇,ဝ၀ဝ ဦးခန့် ရှိနိုင်ကြောင်း ရေးသားထားပါတယ်။

 

 

MDN

ကိုးကား- AFP