ဖိလစ်ပိုင်နိုင်ငံ၌ ကျင်းပသည့် ဆီးဂိမ်းပြိုင်ပွဲတွင် ကြေးတံဆိပ်ဆု ရရှိသော ဒလမြို့သူ မဝတ်ရည်ချိုအား ကြိုဆိုဂုဏ်ပြု

ရန်ကုန်  ၆   ဒီဇင်ဘာ

                                                                               

ဖိလစ်ပိုင်နိုင်ငံက အိမ်ရှင်အဖြစ်လက်ခံ ကျင်းပလျက်ရှိသည့် အကြိမ် (၃၀)မြောက်         ဆီးဂိမ်းပြိုင်ပွဲ၌   နိုင်ငံအလိုက် သိုင်းပြိုင်ပွဲတွင် တတိယ ကြေးတံဆိပ်ဆု ရရှိခဲ့သော မဝတ်ရည်ချို အား ယနေ့ နံနက် ၉ နာရီက ရန်ကုန်တိုင်းဒေသကြီး ဒလမြို့နယ် သင်္ဘောဆိပ်ကမ်းတွင် ကြိုဆိုဂုဏ်ပြုခဲ့ကြောင်း သိရသည်။

 

 

အဆိုပါ ကြိုဆိုပွဲသို့  မြန်မာ့သိုင်းအဖွဲ့မှ အားကစားနည်းပြနှင့် အားကစားသမားများ၊ ကျန်မားရေး ဝန်ထမ်းအိမ်ရာ ရပ်ကွက်အုပ်ချုပ်ရေးမှူး ဦးမောင်မောင်စိုး နှင့် ရုံးအဖွဲ့ဝင်များ၊ ရပ်ကွက်မိသားစုများ၊ အမှတ်(၂) အခြေခံပညာအထက်ကျောင်းမှ ဆရာ၊ ဆရာမများ၊ ကျောင်းသား၊ ကျောင်းသူများက ပန်းစည်းများဖြင့် ကြိုဆိုဂုဏ်ပြု ခဲ့ကြသည်။

 

နိုင်လင်းကျော်(ဒလ)