ဖိလစ်ပိုင်နိုင်ငံ မနီလာမြို့တော်အနီး လေယာဉ်ငယ်ပျက်ကျ ကိုးဦးသေဆုံး

၂ စက်တင်ဘာ


ဖိလစ်ပိုင်နိုင်ငံ မနီလာမြို့တော်အနီး ဆေးဘက်ဆိုင်ရာ ကယ်ဆယ်ရေး လေယာဉ်ငယ်တစ်စီး ပျက်ကျခဲ့သဖြင့် လေယာဉ်ပေါ်ပါသူ ကိုးဦးလုံး သေဆုံးခဲ့သည်ဟု အတည်ပြုခဲ့ကြောင်း သိရသည်။


အဆိုပါ လေယာဉ်သည် လာဂူနာပြည်နယ် အပန်းဖြေခြံဝင်းအတွင်း ယမန်နေ့မွန်းလွဲပိုင်းက ပျက်ကျခဲ့ခြင်းဖြစ်သည်။


ထိုလေယာဉ်ပေါ်တွင် ဆေးဘက်ဆိုင်ရာဝန်ထမ်းတစ်ဦးနှင့် လူနာတစ်ဦးတို့ လိုက်ပါခဲ့ကြသည်။


မျက်မြင်သက်သေတစ်ဦး ပြသခဲ့သော ဗွီဒီယိုဖိုင်တွင် ယင်းလေယာဉ်မှ အဖြူရောင်မီးခိုး ဖြာထွက်လာစဉ် ပျက်ကျခဲ့ခြင်းဖြစ်သည်။၎င်းလေယာဉ်ပျက်ကျရာ ခြံဝင်းမှ အနက်ရောင်မီးခိုးလုံးများ ထွက်ပေါ်လာပုံကိုလည်း ထိုဗွီဒီယိုဖိုင်တွင် ပြသထားသည်။ ထိုလေယာဉ်ပေါ်တွင် ယာမာတို တိုဂါဝါ အမည်ရှိ သူနာပြုတစ်ဦးပါရှိကြောင်း ဒေသခံရဲတပ်ဖွဲ့က ဆိုသည်။


မနီလာမြို့ရှိ ဂျပန်သံရုံးက ဂျပန်နိုင်ငံမှ သူနာပြု ဟုတ်မဟုတ် မနီလာမြို့ရှိ ဂျပန်သံရုံးက စုံစမ်းစစ်ဆေးနေကြာင်း သိရသည်။


ဇမ်ဘိုအန်ဂါ ဒယ်လ်နောတီ ပြည်နယ်ရှိ ဒီပိုလော့ဒ်မြို့မှ မနီလာသို့ပျံသန်းရန်အတွက် မြေပြင်မှပျံအတက်တွင် ပျက်ကျခဲ့ခြင်းဖြစ်ကြောင်း ရဲတပ်ဖွဲ့က ဆိုသည်။


ကိုးကား - အန်အိတ်ချ်ကေ
ဘာသာပြန်- မြင့်မြင့်ချို