ဖွဲ့စည်းပုံအခြေခံဥပဒေနှင့်ညီညွတ်ခြင်းရှိမရှိကို ဘယ်သူက ဘယ်အခြေအနေမှာ စစ်ဆေးရမလဲ

၂၉ ဇန်နဝါရီ

 

ပထမအကြိမ် ပြည်ထောင်စုလွှတ်တော် နာယက က လွှတ်တော်တွင် ဥပဒေကြမ်း များအား အတည်မပြုခင် နိုင်ငံတော်ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာခုံရုံးသို့ ပေးပို့ စိစစ်ရန်ဆိုသည့် တင်ပြချက်ကို ပြည်ထောင်စုလွှတ်တော်သို့ တင်ပြပြီး အတည်ပြု ချက် ရယူသည်။ 

 

ထိုသို့ လုပ်ဆောင်ပါက လွှတ်တော်များ၏အခန်းကဏ္ဍ မှေးမှိန်သွားပြီး ဥပဒေပြုရေး မဏ္ဍိုင် ပီပြင်စွာ မပေါ်ပေါက်လာမည်ကို စိုးရိမ်သည့်အတွက် အဆိုပါဆုံး ဖြတ်ချက်အား ကန့်ကွက်ကြောင်း နှင့် ပယ်ဖျက်ပေးရန်အဆိုကို ပြည်သူ့လွှတ်တော်က အတည်ပြုခဲ့ပြီး ပြည်ထောင်စုလွှတ်တော်သို့ ပေးပို့လိုက်သည်။ တစ်ဖက်တွင်လည်း ပြည်ထောင်စုလွှတ်တော်၏ဆုံးဖြတ်ချက်အား ထောက်ခံကြောင်းနှင့် ပြည်သူ့လွှတ် တော် ၏ အဆိုကို ကန့်ကွက်ကြောင်းအဆိုအား အမျိုးသားလွှတ်တော်က အတည်ပြုပြီး ပြည်ထောင်စုလွှတ်တော်သို့ ပေးပို့ခဲ့သည်။

 

2

 

ထိုအချိန်တွင် ပြည်ထောင်စုလွှတ်တော်နာယက က လွှတ်တော်နှစ်ရပ် အငြင်း ပွားနေသည့် ယင်းကိစ္စအား ဖွဲ့စည်းပုံအခြေခံဥပဒေနှင့်ညီညွတ်ခြင်းရှိမရှိ စိစစ်ရန် ခုံရုံးသို့ တင်သွင်းလွှာ တင်သွင်းသည်။ ဖြစ်ပေါ်ခဲ့သည့်ကိစ္စရပ်များသည် လွှတ်တော်ရေး ရာ ကိစ္စရပ်များသာဖြစ်သည့်အတွက် ပြည်သူ့လွှတ်တော်သည် ပြည်ထောင်စုလွှတ် တော်၏ အဆုံးအဖြတ်ကိုသာ နာခံမည်ဖြစ်ကြောင်း ပြည်ထောင်စုလွှတ်တော်သို့ တင်ပြ သည်။ ထို့နောက် ပြည်ထောင်စုလွှတ်တော်နာယက က မူလက ဆုံးဖြတ်ခဲ့သော အဆိုကို ပယ်ဖျက်ကြောင်း ဆုံးဖြတ်ခဲ့ပြီး ခုံရုံးသို့ တင်သွင်းခဲ့သော တင်သွင်းလွှာအား ပြန်လည်ရုပ်သိမ်းခဲ့သည်။

 

အထက်ပါဖြစ်စဉ်များသည် သင်ခန်းစာယူစရာများ၊ သတိမူရမည့်ကိစ္စရပ်များ ဖြစ်ပြီး ဥပဒေပါအကြောင်းအရာများကို ကျေညက်ရန်လိုသလို လက်တွေ့ကျင့်သုံးရန် လည်း လိုသည်။ ဆန္ဒစောပြီး ဖြစ်စေလို၍ လုပ်ဆောင်ပါက လွဲမှားတတ်ကြောင်း၊ ဤသို့ လွဲမှားမှုများ သည် ထိုနေရာတွင်သာ ပြီးဆုံးသွားသည်မဟုတ်ဘဲ အခြားနေရာများတွင် ပါ လွဲမှားစေနိုင်သည့်အတွက် ဥပဒေပညာရှင်များ၊ ဥပဒေပြုသူများအနေဖြင့် မိမိတို့အား ပေးအပ်ထားသည့် တာဝန်ကို ကျေပွန်စွာထမ်းဆောင်သင့်ကြောင်းကို ဤစာအုပ်က လေ့လာသုံးသပ် တင်ပြထားသည်။ 

 

(မြန်မာ့အလင်း)