ဖွဲ့စည်းပုံအခြေခံဥပဒေနှင့် ညီညွတ်ခြင်း ရှိမရှိကို ဘယ်သူက ဘယ်အခြေအနေမှာ စစ်ဆေးရမလဲ

၁ ဖေဖော်ဝါရီ

 

ပထမအကြိမ် ပြည်ထောင်စုလွှတ်တော် နာယက က လွှတ်တော်တွင် ဥပဒေကြမ်း များအား အတည်မပြုခင် နိုင်ငံတော် ဖွဲ့စည်းပုံ အခြေခံဥပဒေဆိုင်ရာ ခုံရုံးသို့ ပေးပို့စိစစ်ရန်ဆိုသည့် တင်ပြချက်ကို ပြည်ထောင်စုလွှတ်တော်သို့ တင်ပြပြီး အတည်ပြုချက် ရယူသည်။ ထိုသို့ လုပ်ဆောင်ပါက လွှတ်တော်များ၏ အခန်းကဏ္ဍမှေးမှိန်သွားပြီး ဥပဒေပြုရေး မဏ္ဍိုင်ပီပြင်စွာ မပေါ်ပေါက်လာမည်ကို စိုးရိမ်သည့်အတွက် အဆိုပါ ဆုံးဖြတ်ချက် အား ကန့်ကွက်ကြောင်းနှင့် ပယ်ဖျက်ပေး ရန်အဆိုကို ပြည်သူ့လွှတ်တော်က အတည်ပြုခဲ့ပြီး ပြည်ထောင်စုလွှတ်တော် သို့ ပေးပို့လိုက်သည်။ တစ်ဖက်တွင်လည်း ပြည်ထောင်စုလွှတ်တော်၏ ဆုံးဖြတ်ချက် အား ထောက်ခံကြောင်းနှင့် ပြည်သူ့ လွှတ်တော်၏အဆိုကို ကန့်ကွက်ကြောင်း အဆိုအား အမျိုးသားလွှတ်တော်က အတည်ပြုပြီး ပြည်ထောင်စုလွှတ်တော်သို့ ပေးပို့ခဲ့သည်။

 

1

 

ပြည်သူ့လွှတ်တော်သည် ပြည်ထောင်စုလွှတ်တော်၏ အဆုံးအဖြတ်ကိုသာ နာခံမည်

 

ထိုအချိန်တွင် ပြည်ထောင်စု လွှတ်တော်နာယက က လွှတ်တော်နှစ် ရပ်အငြင်းပွားနေသည့် ယင်းကိစ္စအား ဖွဲ့စည်းပုံအခြေခံဥပဒေနှင့်ညီညွတ်ခြင်း ရှိ မရှိ စိစစ်ရန် ခုံရုံးသို့ တင်သွင်းလွှာ တင်သွင်းသည်။ ဖြစ်ပေါ်ခဲ့သည့် ကိစ္စရပ် များသည် လွှတ်တော်ရေးရာကိစ္စရပ်များ သာဖြစ်သည့်အတွက် ပြည်သူ့လွှတ်တော် သည် ပြည်ထောင်စုလွှတ်တော်၏ အဆုံး အဖြတ်ကိုသာ နာခံမည်ဖြစ်ကြောင်း ပြည်ထောင်စုလွှတ်တော်သို့ တင်ပြသည်။ ထို့နောက် ပြည်ထောင်စုလွှတ်တော် နာယက က မူလက ဆုံးဖြတ်ခဲ့သော အဆိုကို ပယ်ဖျက်ကြောင်း ဆုံးဖြတ်ခဲ့ပြီး ခုံရုံးသို့ တင်သွင်းခဲ့ သော တင်သွင်းလွှာ အား ပြန်လည်ရုပ်သိမ်းခဲ့သည်။

 

ဥပဒေပညာရှင်များ၊ ဥပဒေပြုသူများအနေဖြင့် မိမိတို့အား ပေးအပ်ထားသည့်တာဝန်ကို ကျေပွန်စွာထမ်းဆောင်သင်

 

အထက်ပါ ဖြစ်စဉ်များသည် သင်ခန်းစာယူစရာများ၊ သတိမူရမည့် ကိစ္စရပ်များဖြစ်ပြီး ဥပဒေပါ အကြောင်း အရာများကို ကျေညက်ရန်လိုသလို လက်တွေ့ကျင့်သုံးရန်လည်း လိုသည်။ ဆန္ဒစောပြီး ဖြစ်စေလို၍ လုပ်ဆောင်ပါက လွဲမှားတတ်ကြောင်း၊ ဤသို့လွဲမှားမှုများ သည် ထိုနေရာတွင်သာ ပြီးဆုံး သွား သည်မဟုတ်ဘဲအခြားနေရာများတွင်ပါ လွဲမှားစေနိုင်သည့်အတွက် ဥပဒေ ပညာရှင်များ၊ ဥပဒေပြုသူများအနေဖြင့် မိမိတို့အားပေးအပ်ထားသည့် တာဝန်ကို ကျေပွန်စွာ ထမ်းဆောင်သင့်ကြောင်းကို ဤစာအုပ်က လေ့လာသုံးသပ်တင်ပြ ထားသည်။

 

မြန်မာ့အလင်း စာအုပ်စင်