ဖားကန့် ၂ ဇူလိုင်
ဖားကန့်မြေပြိုမှုအတွင်း သေဆုံးသူ ရုပ်အလောင်းများကို ဆက်လက်ရှာဖွေလျက်ရှိရာ ညနေ ၃ နာရီ ၃၅ မိနစ် အချိန်တွင် သေဆုံးသူ(၁၃)ဦး၏ ရုပ်အလောင်းများအား ထပ်မံရှာဖွေတွေ့ရှိသဖြင့် စုစုပေါင်း (၁၂၆) ဦးတို့၏ ရုပ်အလောင်းများအား ရှာဖွေတွေ့ရှိခဲ့ပြီး ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းများ ဆက်လက် ဆောင်ရွက်လျက်ရှိကြောင်း မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့ဦးစီးဌာနမှ သိရသည်။
နံနက် ၁၁ နာရီ ၁၀ မိနစ် အချိန်တွင် သေဆုံးသူ(၃၇)ဦးနှင့် မွန်းတည့် ၁၂ နာရီ ၅ မိနစ် အချိန်တွင် သေဆုံးသူ (၂၆)ဦး စုစုပေါင်း (၁၁၃)ဦးတို့၏ ရုပ်အလောင်းများအား ရှာဖွေတွေ့ရှိခဲ့ပြီး ဖြစ်သည်။
ကချင်ပြည်နယ်၊ မိုးညှင်းခရိုင်၊ ဖားကန့်မြို့နယ်၊ ဆိပ်မူကျေးရွာအုပ်စု၊ ဝှေခါကျေးရွာ၊ လခူးချောင်ရပ်ကွက်ရှိ တစ်သုံးလုံး၊ ရတနာကြယ်၊ ကျောက်မျက်ရွှေကြည်၊ ရတနာဆန်းရွှင် ၊ ဧရာရတနာစုပေါင်းလုပ်ကွက်ဟောင်းနေရာများတွင် ယနေ့ နံနက် ၈ နာရီအချိန်က ရေမဆေးသမားများ ရေမဆေးကျောက် ဝင်ရောက်တူးဖော်နေစဉ် မိုးရွာသွန်းမှုကြောင့် မြေပြိုကျမှုဖြစ်ပွားရာ နွံလှိုင်းရိုက်ခတ်မှုဖြစ်ပွားပြီး ရေမဆေးကျောက်ရှာဖွေသူများ နွံနစ်မှုဖြစ်ပွားကြောင်း သတင်းရရှိသဖြင့် ဖားကန့်မြို့နယ်မီးသတ်စခန်းမှ သန္ဓေမီးသတ်တပ်ဖွဲ့ဝင်များ၊ အရန်မီးသတ်တပ်ဖွဲ့ဝင်များမှ သက်ဆိုင်ရာအဖွဲ့အစည်းများနှင့် ပူးပေါင်း၍ ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းများ ဆောင်ရွက်လျက်ရှိရာ နံနက် ၉ နာရီခွဲ အချိန်တွင် သေဆုံးသူများ၏ ရုပ်အလောင်း(၃၅)လောင်းနှင့် နံနက် ၁၀ အချိန်တွင် ရုပ်အလောင်း(၁၅)လောင်း စုစုပေါင်း သေဆုံးသူ(၅၀) ၏ ရုပ်အလောင်းများအား ဆယ်ယူထားနိုင်ခဲ့သည်။
Credit#Myanmar Fire Service Department