People's  Choice Awards မှာ ဆန်ခါတင်စာရင်းဝင်ခဲ့တဲ့ BTS နဲ့ BLACK PINK

၆ စက်တင်ဘာ


တောင်ကိုရီးယားရဲ့ ကျော်ကြားတဲ့ တေးဂီတအဖွဲ့တွေဖြစ်ကြတဲ့ “BTS” နဲ့ “BLACK PINK” တို့ဟာ        ယခုနှစ်အတွက်    ပြုလုပ်သွားမယ့် “People’s  Choice Awards” ဆုပေးပွဲမှာ ဆုလျာထားစာရင်းမှာ ပါဝင်ခဲ့ကြောင်း ကိုရီးယားဘိုး ဒေါ့ကွန်းရဲ့ ရေးသားဖော်ပြချက်တွေအရ သိရပါတယ်။ အမေရိကန်နိုင်ငံမှာ  ပြုလုပ်တဲ့  အနုပညာထူး ချွန်ဆုပေးပွဲတစ်ခုဖြစ်တဲ့ “People’s  Choice Awards”  မှာ “BTS” နဲ့ “BLACK PINK” တို့ဟာ  ဆုနေရာသုံးနေရာမှာ  ဆန်ခါတင်စာရင်း ဝင်ခဲ့တာလည်း ဖြစ်ပါတယ်။ အဆိုပါတေးဂီတအဖွဲ့တွေဟာ ၂၀၁၉ ခုနှစ်ရဲ့ တေးဂီတအဖွဲ့၊ ၂၀၁၉ ခုနှစ်ရဲ့ တေးဗီဒီယိုနဲ့ ၂၀၁၉ခုနှစ်ရဲ့ တေးဂီတဖျော်ဖြေပွဲဆုတွေအတွက် ရွေးချယ်လျာထားဖော်ပြခံထားရတာ ဖြစ်တယ်လို့လည်း သိရပါတယ်။

 

“People’s  Choice Awards”  မှာ တစ်နှစ်တာအတွင်း လူကြိုက်အများဆုံးသော ကြယ်ပွင့်တွေကို  ရွေးချယ်ကာ  ထူးချွန်ဆုပေးအပ်နေတာ ဖြစ်ပါတယ်။ ယခုနှစ်အတွက်ဆုပေးပွဲမှာ “BTS” နဲ့ “BLACK PINK” တို့ဟာ   အခြားသော အနုပညာကြယ်ပွင့်တွေဖြစ်ကြတဲ့  ဂျိုးနက်စ်ဘရားသားစ်၊ အင်မဲဂျင်းဒရက်ဂွန်၊ အရီရန် နာဂရန်းဒ်တို့နဲ့ ယှဉ်ပြိုင်အရွေးချယ်ခံသွားမှာ ဖြစ်တယ်လို့သိရပါတယ်။

 

အေးပြည့်