ပေါင်မြို့နယ်တွင် စိတ်ကြွရူးသွပ်ဆေးပြားများ ဖမ်းဆီးရမိ

နေပြည်တော်  ၂၆  နိုဝင်ဘာ

မွန်ပြည်နယ်ရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် နိုဝင်ဘာ ၂၅ ရက်  နံနက် ၇ နာရီ ၄၅ မိနစ်တွင် ပေါင်မြို့နယ်၊ မော်လမြိုင်-ရန်ကုန်ကားလမ်း၊ ဘန့်ဘွေးကုန်းကျေးရွာအနီး၊ မဟာဗောဓိစေတီရှေ့၌ တေဇာသက်လှိုင်ဦး(ခ) ငတေ မောင်းနှင်လာသော မော်တော်ယာဉ်အား စစ်ဆေးရန်ရပ်တန့်ခိုင်းစဉ် စစ်ဆေးရေးအဖွဲ့များကြားမှ အသက်အန္တရာယ်ဖြစ်နိုင်သည်အထိ ပွတ်တိုက်မောင်းနှင်ထွက်ပြေးသွားသဖြင့် စစ်ဆေးရေးအဖွဲ့မှ သေနတ်ဖြင့် သတိပေးဟန့်တားပစ်ခတ်တားဆီးရာ ယာဉ်အားကျည်ထိ မှန်ရပ်တန့်သွားခဲ့ပြီး ယာဉ်ပေါ်မှ စိတ်ကြွရူးသွပ်ဆေးပြား ၁၀,၉၅၀ ပြား၊ မြန်မာငွေ ကျပ် ၄၀,၀၀၀ တို့ကိုသိမ်းဆည်းရမိခဲ့သဖြင့် ၄င်းအား မူးယစ်ဆေးဝါးနှင့်စိတ်ကို ပြောင်းလဲစေသောဆေးဝါးများ ဆိုင်ရာဥပဒေအရ အရေးယူထားကြောင်း သိရသည်။

(ရဲပြန်ကြား)