ပေါင်မြို့နယ်တွင် (၇၁)နှစ်မြောက် လွတ်လပ်ရေးနေ့ အထိမ်းအမှတ် အားကစား ပြိုင်ပွဲနှင့် ပျော်ပွဲရွှင်ပွဲများ ကျင်းပ

ပေါင်   ၃  ဇန်နဝါရီ 

 

မွန်ပြည်နယ်၊ ပေါင်မြို့နယ်၊ အားကစားနှင့် ကာယပညာ ဦးစီးဌာနနှင့် ပညာရေးဌာတို့မှ ပူးပေါင်းကျင်းပသော ၂၀၁၉ ခုနှစ် ဇန်နဝါရီ ၄ ရက်နေ့တွင် ကျရောက်မည့်  ၇၁ နှစ်မြောက် လွတ်လပ်ရေးနေ့ အထိမ်းအမှတ်  အားကစားပြိုင်ပွဲနှင့် ပျော်ပွဲရွှင်ပွဲကို ယမန်နေ့ မနက် ၁၀ နာရီက ဇင်းကျိုက်မြို့ အထက ကျောင်းရှိ ရတနာမွန် ခန်းမရှေ့တွင် ကျင်းပခဲ့သည်။

 

 

အဆိုပါ အားကစား ပြိုင်ပွဲတွင် မူလတန်း၊ အလယ်တန်း၊ အထက်တန်းအဆင့် ကိုယ်လက်ကြံ့ခိုင် ပျော်ရွှင်ဖွယ် အားကစားနည်းများကို ကြိုက်နှစ်သက်ရာ ကစားနည်းများ ယှဉ်ပြိုင်ခဲ့ရာ ကျောင်းကော်မတီဝင်များ၊ ကျောင်းအုပ် ဆရာမနှင့် တာဝန်ရှိသူများက ဒိုင်အဖွဲ့ဝင်များအဖြစ် ကြီးကြပ်ဆောင်ရွက်ပေးကာ အားကစားနည်းအလိုက် ဆုရရှိသူများကို အလှူရှင်များက ဆုများ အသီးသီး ချီးမြှင့်ပေးခဲ့ပြီး အထက်တန်းအဆင့် အားကစားပြိုင်ပွဲ ဆုရရှိသူများကို လွတ်လပ်ရေးနေ့ အခမ်းအနားတွင် ဆုများပေးအပ် ချီးမြှင့်သွားမည်ဖြစ်ကြောင်း သိရသည်။

 

ဇင်မျိုးသူ