ပေါင်မြို့နယ်၌ ပန်းခင်းစီမံချက်ဖြင့် နိုင်ငံသားစိစစ်ရေးကတ်ပြားများ ကွင်းဆင်းဆောင်ရွက်ပေး

ပေါင်    ဇန်နဝါရီ    ၂၂

မွန်ပြည်နယ်၊ ပေါင်မြို့နယ် ကျွဲခြံအခြေခံပညာအထက်တန်းကျောင်း၌ ဇန်နဝါရီ ၂၁ ရက်က  လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန၊ ပေါင်မြို့နယ် ဦးစီးမှူးရုံးမှ ဝန်ထမ်းများက ပန်းခင်းစီမံချက်ဖြင့် ကျောင်းသား၊ ကျောင်းသူများအား နိုင်ငံသားစိစစ်ရေးကတ်ပြားများကို ကွင်းဆင်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

ထိုသို့ဆောင်ရွက်ရာတွင် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန၊ ပေါင်မြို့နယ် ဦးစီးရုံးမှ လက်ထောက်မြို့နယ်မှူး ဦးအောင်မြင့်ကြည်က နိုင်ငံသားစိစစ်ရေးကတ်၊ ပန်းခင်းစီမံချက်တို့နှင့် ပတ်သတ်၍ သိသင့်သည်တို့ကို ဆွေးနွေးဟောပြောပြီး အ-ထ-က ကျွဲခြံကျောင်းမှ ကျောင်းသား၊ ကျောင်းသူများအား ကိုဗစ်-၁၉ ရောဂါကာကွယ်ရေး ညွှန်ကြားချက် များနှင့်အညီ နိုင်ငံသားစိစစ်ရေးကတ်ပြား ၃(က) ကျား(၁၂၆)ကတ်နှင့် မ(၁၅၆)ကတ်၊ စုစုပေါင်း နိုင်ငံသားစိစစ်ရေးကတ် (၂၈၂) ကတ်တို့ကို စနစ်တကျ ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

(မြို့နယ် ပြန်/ဆက်)