ပေါက်တောမြို့နယ်ရှိ IDPs စခန်း၌ ခိုလှုံနေကြသည့် ပြည်သူများအား ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး  စတုတ္တအသုတ် ပထမအကြိမ် စတင်ထိုးနှံ

ပေါက်တော   နိုဝင်ဘာ   ၂၇

ရခိုင်ပြည်နယ်၊ ပေါက်တောမြို့နယ်ရှိ IDPs  စခန်းတို့တွင် ခိုလှုံနေကြသော အသက် ၁၈ နှစ်နှင့်အထက် ပြည်သူများအား စတုတ္ထအသုတ် ပထမအကြိမ် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးကို နိုဝင်ဘာ ၂၇ ရက် နံနက်ပိုင်းက စတင်ထိုးနှံပေးသည်။

ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေး ထိုးနှံပေးခြင်းကို ပေါက်တောမြို့နယ်၌ IDPs စခန်း ငါးခု စုရပ်များဖြစ်သည့်  ကြိမ်နီပြင် IDPs စခန်း၊ ဆင်တက်မော် IDPs စခန်း၊ အနောက်ရဲ IDPs စခန်း၊ ငှက်ချောင်း-၁(IDPs)စခန်း၊ ငှက်ချောင်း-၂(IDPs)စခန်းများ၌ ခိုလှုံနေကြသည့် ပြည်သူစုစုပေါင်း ၁၆၀၆ ဦးအား နိုဝင်ဘာ ၂၇ ရက်မှစတင်၍ ထိုးနှံပေးလျက်ရှိကြောင်း သိရှိရသည်။

ကျော်သန်း(ပြန်/ဆက်)