ပေါက်မြို့နယ်တွင်  အငြိမ်းစား(ပင်စင်)လစာငွေများအား ကိုဗစ်-၁၉ကာကွယ်ရေး နည်းလမ်းများနှင့်အညီ ထုတ်ပေးလျက်ရှိ

ပေါက်  စက်တင်ဘာ  ၂၂

           

မကွေးတိုင်းဒေသကြီး၊ ပခုက္ကူခရိုင်၊ ပေါက်မြို့နယ် မြန်မာ့စီးပွားရေးဘဏ်တွင် ၂၀၂၁-ခုနှစ် ၊ စက်တင်ဘာလအတွက် အငြိမ်းစား (ပင်စင်) လစာငွေများကို စက်တင်ဘာ ၂၁-ရက်မှစတင်၍ ထုတ်ပေးလျက်ရှိသည်။

           

ထိုသို့ထုတ်ပေးရာတွင် ကိုဗစ်-၁၉ရောဂါကာကွယ်ရေးအတွက် ကျန်းမာရေးဝန်ကြီး ဌာန၏ လမ်းညွှန်ချက်များနှင့်အညီ ဘဏ်အတွင်းသို့ဝင်ရောက်ရာတွင် လက်များကိုစနစ် တကျ ဆေးကြောစေခြင်း ၊ နှာခေါင်းစည်း Mask များ တပ်ဆင်စေခြင်း ၊ Alcohol ပါ လက်သန့် ဆေးရည်များ ရုံးအတွင်းစီစဉ်ထားရှိခြင်း ၊ ခြောက်ပေအကွာ သတ်မှတ်နေရာများ စီစဉ်ဆောင်ရွက်ထားပြီး အလှည့်ကျစနစ်ဖြင့် ထုတ်ယူပေးလျက်ရှိကြောင်းနှင့် ပေါက်မြို့နယ် တွင် ပင်စင်စားဝန်ထမ်းပေါင်း (၁၂၈၆)ဦးရှိပြီး စက်တင်ဘာလ ၂၂ ရက်အထိ ပင်စင်လာ ရောက်ထုတ်ယူပြီးသူပေါင်း(၅၄၁)ဦးရှိပြီဖြစ်ကြောင်းနှင့် စက်တင်ဘာလအတွက် ပင်စင်လစာများကို အောက်တိုဘာလ ၂၀ ရက်နေ့အထိ ဆက်လက်ထုတ်ပေးသွားမည်ဖြစ်ကြောင်း မြို့နယ်မြန်မာ့စီးပွားရေးဘဏ်မှ သိရသည်။

 

ဥမ္မာကျော်(ပြန်/ဆက်)