ပျော်ဘွယ်မြို့နယ်အတွင်း ကလေးငယ်နှစ်ဦးရေနစ်သေဆုံး

ပျော်ဘွယ် နိုဝင်ဘာ ၃၀

 

ပျော်ဘွယ်မြို့ မြို့သစ်ရပ်ကွက်တောင်ဘက် လယ်ကွက်အတွင်း ဘက်ဟိုးဖြင့် တူးဖော်ထားသည့် အကျယ်ပေ ၆၀ ပတ်လည်၊ အနက် ပေ ၂၀ ခန့်ရှိ ရေကန်အတွင်း ကလေးငယ်နှစ်ဦး ရေဆင်းချိုးရာမှ ရေနစ်သေဆုံးမှုတစ်ခု နိုဝင်ဘာ ၂၉ ရက်က ဖြစ်ပွားခဲ့ကြောင်း သိရသည်။

 

ကလေးငယ်နှစ်ဦးမှာ မောင်မိုးလင်း (၁၂ နှစ်)နှင့် မောင်သော်ဇင်ဟိန်း(၁၄ နှစ်)တို့ဖြစ်ကြပြီး မွန်းလွဲ ၁ နာရီခွဲခန့်က မြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူးလှထွဋ်နှင့်တပ်ဖွဲ့ဝင်များ၊ မြို့နယ်မီးသတ်တပ်ဖွဲ့ဝင်များ၊ လူမှုရေးအသင်းဝင်များ ပူးပေါင်းကာ စုံစမ်းစစ်ဆေး ကူညီကယ်ဆယ်ရေးလုပ်ငန်းများကို ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

           

မင်းမင်းထွေး(ပျော်ဘွယ်)