ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ဟိုပုံးမြို့ သီရိမင်္ဂလာရွှေချမ်းသာမွေတော်ဘုရားကြီး ဗုဒ္ဓပူဇနိယ တန်ဆောင်တိုင် မီးထွန်းပွဲတော် စည်ကားသိုက်မြိုက်စွာ ကျင်းပမည်

ဟိုပုံး    ၁၂  နိုဝင်ဘာ  

 

ဟိုပုံးမြို့နယ်အတွင်း နှစ်စဉ်အစဉ်အလာမပျက် ကျင်းပလျက်ရှိသည့် ရှမ်းပြည်နယ် (တောင်ပိုင်း)၊ ပအိုဝ်းကိုယ်ပိုင် အုပ်ချုပ်ခွင့်ရဒေသ၊ ဟိုပုံးမြို့ရှိ  သီရိမင်္ဂလာ ရွှေချမ်းသာ မွေတော် ဘုရားကြီး၏ ဗုဒ္ဓပူဇနိယတန်ဆောင်တိုင်မီးထွန်းပွဲတော်ကို ၁၃၈၁ ခုနှစ်၊ တန်ဆောင်မုန်း လပြည့်ကျော် ၄ ရက်မှ ၈ ရက်ထိ (နိုဝင်ဘာ ၁၅ ရက်မှ ၁၉ ရက်ထိ ) ၅ ရက်တိုင်တိုင် သီရိမင်္ဂလာ ရွှေချမ်းသာ မွေတော်ဘုရားကြီးရှေ့ပွဲခင်း ကျင်းပရာ မြေကွက်ပေါ်၌ စည်ကား သိုက်မြိုက်စွာ ကျင်းပသွားမည် ဖြစ်ကြောင်း သိရသည်။

 

၁

 

ဗုဒ္ဓပူဇနိယ တန်ဆောင်တိုင်မီးထွန်းပွဲတော်ကာလတွင်  ရိုးရာဓလေ့ မီးပုံးပျံပြိုင်ပွဲများ၊ ဈေးရောင်း ပွဲတော်များ၊ ပျော်ပွဲရွှင်ပွဲများအဖြစ် ဇာတ်ပွဲ၊ အငြိမ့်ပွဲ၊ ဒေသလူငယ်တွေရဲ့ဖျော်ဖြေပွဲ၊ ရိုးရာမီးကြာ၊ မီးပဒေသာပင် လှည့်လည် ပူဇော်ပွဲများအပါအဝင် ပွဲတော်ရက်(၅)ရက်တိုင်တိုင် ကျင်းပသွားမည် ဖြစ်ကြောင်းနှင့် ပွဲတော်ကာလ ခိုက်ရန်ဖြစ်ပွားမှုမရှိရေးနှင့် အေးအေးချမ်းချမ်းဖြင့် အောင်မြင်စွာ ကျင်းပနိုင်ရေးအတွက် ပွဲခင်းအတွင်း လောင်းကစားမှုများကို ခွင့်ပြုသွားမည် မဟုတ်ကြောင်း သီရိမင်္ဂလာ ရွှေချမ်းသာမွေတော်ဘုရားကြီးဂေါပကအဖွဲ့ဉက္ကဌ ဦးကျော်ရှိန်ထံမှ သိရသည်။

 

ဗုဒ္ဓပူဇနိယတန်ဆောင်တိုင်မီးထွန်းပွဲတော်တွင် ရိုးရာဓလေ့မီးပုံးပျံ(၈)လုံးဝင်ရောက် ယှဉ်ပြိုင် သွားမည်ဖြစ်ကြောင်း သိရသည်။

 

ခွန်ရဲထွေး(ဆီဆိုင်)