ပဲခူးတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးဝင်းသိန်း ပြည်ပနိုင်ငံများမှ ပြန်လာသူများအား ကျန်းမာရေးစောင့်ရှောက်မှု ဆောင်ရွက်ပေးနေမှုများအား ကြည့်ရှုအားပေး

ပဲခူး ၃၀ မတ်

ပဲခူးတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးဝင်းသိန်းသည် မတ်လ ၃၀ ရက် နံနက်ပိုင်းက ပဲခူးမြို့ပေါ်ရှိ ရှောက်မှုပေးနေသည့် စခန်းအသီးသီးသို့ သွားရောက်ပြီး ပြည်ပနိုင်ငံများမှ ပြန်လာသူများအား ကျန်းမာရေးစောင့်ရှောက်မှု ဆောင်ရွက်ပေးနေမှုကို လိုက်လံကြည့်ရှုအားပေးခဲ့ကြောင်း သိရသည်။

 

a

 

ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့မှ ဦးဆောင်၍ ပြည်ပနိုင်ငံများမှပြန်လာကြသည့် မြန်မာနိုင်ငံသား များအား  သက်ဆိုင်ရာ မြို့နယ်ကျန်းမာရေးစောင့်ရှောက်မှုစခန်းများသို့ စနစ်တကျပေးပို့၍ ကျန်းမာရေး စောင့်ရှောက်မှုလုပ်ငန်းများ စနစ်တကျ ဆောင်ရွက်ပေးလျက်ရှိပြီး ပဲခူးတိုင်းဒေသကြီးအတွင်းသို့ မတ်လ ၂၇ ရက်နေ့မှ မတ်လ ၂၉ရက် ညနေ ၆ နာရီထိ ပြည်ပနိုင်ငံများမှ ဝင်ရောက်လာသည့် ကျား(၄၁၂၈)ဦး၊ မ(၁၇၄၂)ဦး၊ စုစုပေါင်း(၅၈၇၀)ဦးတို့အနက် Home Quarantine အဖြစ် ကျား(၁၀၁၈)ဦး၊ မ(၅၀၇)ဦး၊  Facility Quarantine အဖြစ် ကျား(၃၁၀၃)ဦး၊ မ(၁၂၃၂)ဦး၊ Isolation(ဆေးရုံ) အဖြစ် ကျား(၇)ဦး၊ မ(၃)ဦးတို့အား မြို့နယ်(၂၈)မြို့နယ်ရှိ သတ်မှတ်ထားသော ကျန်းမာရေး စောင့်ရှောက်မှု စခန်းများတွင် စနစ်တကျ ကျန်းမာရေးစောင့်ကြည့်မှုများ ဆောင်ရွက်လျက်ရှိကြောင်း သိရှိရသည်။

 

a

 

အဆိုပါ ကျန်းမာရေးစောင့်ရှောက်ပေးနေမှုများအား သက်ဆိုင်ရာခရိုင်များအလိုက် ပဲခူးတိုင်း ဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးများမှ အနီးကပ်ကြီးကြပ်ကာ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ဝန်ထမ်း များ၊ ကျန်းမာရေးဝန်ထမ်းများ၊ ဆက်စပ်ဌာနဆိုင်ရာများ၊ လူမှုရေးအသင်းအဖွဲ့များ၊ ပရဟိတအဖွဲ့အစည်းများ၊ မြို့မိမြို့ဖများနှင့် ပူးပေါင်းဆောက်ရွက်လျက်ရှိပြီး ဝန်ကြီးချုပ် ဦးဝင်းသိန်းမှ ပဲခူးမြို့နယ်အတွင်း ကျန်းမာရေးစောင့်ရှောက်ပေးနေမှုများအား လိုက်လံကြည့်ရှုအားပေးကာ လိုအပ်သည်များဖြည့်ဆည်းပေးခဲ့ကြောင်းသတင်းရရှိသည်။

တင်စိုး(ပဲခူး)