ပဲခူးတိုင်းဒေသကြီး ငါးလုပ်ငန်းဦးစီးဌာန ၂၀၂၀-၂၀၂၁ ခုနှစ် ရှေ့လုပ်ငန်းစဉ်များ အွန်လိုင်းဖြင့်ဆွေးနွေး

၂၆ နိုဝင်ဘာ 

ပဲခူးတိုင်းဒေသကြီးငါးလုပ်ငန်းဦးစီးဌာန၏ ၂၀၁၉-၂၀၂၀ ခုနှစ် လုပ်ငန်းများဆောင်ရွက် ပြီးစီးမှုနှင့် ၂၀၂၀-၂၀၂၁ ခုနှစ် ရှေ့လုပ်ငန်းစဉ်များအတွက် လုပ်ငန်းညှိုနှိုင်းအစည်းအဝေးနှင့် ငါးလုပ်ငန်းဦးစီး ရုံးချုပ်မှ လမ်းညွှန်မှာကြားချက်များ ချပြရှင်းလင်း ဆောင်ရွက်ခြင်းတို့အား ယနေ့ နံနက် ၉ နာရီတွင် ဆောင်ရွက်ခဲ့သည်။

ယင်းသို့ ဆောင်ရွက်ရာတွင် တိုင်းဒေသကြီး စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီး ဦးအောင်ဇော်နိူင် တက်ရောက်အမှာစကား ပြောကြားပြီး  လုပ်ငန်းဆိုင်ရာ လမ်းညွှန်မှုများမှာ ကြားဆောင်ရွက်ပေးခဲ့သည်။ အစည်းအဝေးသို့ ပြည်ခရိုင်၊ သာယာဝတီခရိုင်၊ တောင်ငူခရိုင်တို့မှ မြို့နယ်ဦးစီးမှူးများ၊ စခန်းတာဝန်ခံများ၊ ခရိုင်ဦးစီးမှူးများ၊ ပဲခူးခရိုင်မှ ခရိုင်ဦးစီးဌာနမှူးနှင့် ဒိုက်ဦး၊ ရွှေကျင်၊ ညောင်လေးပင်၊ ကဝ၊ ရွှေကျင်တို့မှ မြို့နယ်ဦးစီးမှူးများ၊ တာဝန်ခံများ စုံညီစွာဖြင့် Zoom Application အသုံးပြု၍ အစည်းအဝေးကို ကျင်းပခဲ့ကြောင်း သိရသည်။

ငါးလုပ်ငန်းဦးစီးဌာန