ပဲခူးမြို့တွင် (နဝမအကြိမ်)မြောက်စတုဒိသာ အလှူပွဲကြီး စည်ကားသိုက်မြိုက်စွာကျင်းပ

ပဲခူး ၁၁ နိုဝင်ဘာ

 

ပဲခူးမြို့ ရွှေမော်ဓောဘုရားအနောက်ဘက်မုခ် ဗုဒ္ဓအသံဓမ္မဗိမာန်ရှေ့စတုဒီသာမဏ္ဍာပ်တွင် ယနေ့ နံနက်(၈)နာရီ အချိန်မှစတင်၍ (နဝမအကြိမ်)မြောက် စတုဒိသာကျွေးမွေးလှူဒါန်းပွဲကို စည်ကားသိုက်မြိုက်စွာ ကျင်းပပြုလုပ် သည်။

 

အဆိုပါ စတုဒိသာ ကျွေးမွေးလှူဒါန်းပွဲအား ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့နှင့် ပဲခူးမြို့ မြို့မိမြို့ဖများ၊ စေတနာရှင် အလှူရှင်ပြည်သူများ စုပေါင်း၍ ကျင်းပပြုလုပ်ခြင်းဖြစ်ပြီး ပဲခူးမြို့ပေါ်ရှိ ပရဟိတအသင်းအဖွဲ့များ၊ လူမှုရေးအဖွဲ့အစည်းများ၊ ပညာရေးဌာနမှ ဆရာ၊ ဆရာမများနှင့် ကျောင်းသား၊ ကျောင်းသူများ၊ ဌာနဆိုင်ရာဝန်ထမ်းများက လုပ်အားဒါနပြုကာ ပဲခူးမြို့ပေါ်နှင့် အနယ်နယ်အရပ်ရပ်မှ လာရောက်သုံးဆောင်ကြ သည့် ပြည်သူအားလုံးကို စေတနာသဒ္ဓါတရားပြည့်ဝစွာဖြင့် စတုဒိသာ အာဟာရဒါနထမင်းဟင်းများ ကျွေးမွေးခဲ့ကြောင်း သိရသည်။

 

နဝမအကြိမ်မြောက် စတုဒိသာကျွေးမွေး လှူဒါန်းပွဲဖြစ်မြောက်ရေးအတွက် ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့မှ မတည်အလှူငွေ ကျပ်သိန်း(၁၀၀)နှင့် မြို့မိမြို့ဖများ၊ စေတနာရှင်ပြည်သူများကလည်း စေတနာအလျောက် လှူဒါန်းပေးခြင်းဖြစ်ကြောင်း သိရသည်။

 

တင်စိုး (ပဲခူး)