ပဲခူးမြို့နယ်၌ သဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုအဖွဲ့များ ဖွဲ့စည်းတာဝန်ပေးအပ်ခြင်း အစည်းအဝေးကျင်းပ

ပဲခူး၊  ၁၄   ဇွန်

 

ပဲခူးတိုင်းဒေသကြီး၊ ပဲခူးမြို့နယ်စီမံအုပ်ချုပ်ရေးကောင်စီရုံး အစည်းအဝေးခန်းမတွင်  ယနေ့နံနက် ၁၀ နာရီခွဲက မြို့နယ်အဆင့်ဌာနဆိုင်ရာများကို သဘာဝဘေးအန္တရာယ် နှင့်ပတ်သက်သည့် စီမံချက်များရေးဆွဲဆောင်ရွက်ရန်အတွက် ဖွဲ့စည်းတာဝန်ပေးအပ်ခြင်း အစည်းအဝေးကို ကျင်းပပြုလုပ်ခဲ့သည်။

 

အစည်းအဝေးတွင်  မြို့နယ်သဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုအဖွဲ့ဥက္ကဋ္ဌ ဦးမောင်မောင်က သဘာဝဘေးကို အထူးဂရုစိုက်ရန်လိုအပ်ကြောင်း၊ မဖြစ်မီကြိုတင်ကာကွယ် သင့်သည်များ ဆောင်ရွက်ထားရန် လိုအပ်ကြောင်း ဖြစ်ပေါ်လာမှဆောင်ရွက်သည်ထက် မဖြစ်မီ ကြိုတင် ကာကွယ်ထားခြင်းသည် ဆုံးရှုံးနစ်နာမှုနည်းပါမည်ဖြစ်ကြောင်း အကယ်၍ သဘာဝဘေး ဖြစ်ပေါ်လာပါက လိုက်နာဆောင်ရွက်ရမည့်အချက်များ၊ သဘာဝဘေးကျရောက်ပြီးပါက ဆောင်ရွက်ရမည့်အချက်များနှင့် ကျန်းမာရေးစောင့်ရှောက်မှုများကိုလည်း အထူးဂရုပြု ဆောင်ရမည်ဖြစ်ကြောင်းနှင့် ဌာနအလိုက် ဆောင်ရွက်ရမည့်အချက်များကိုသက်ဆိုင်ရာအဖွဲ့ ခေါင်းဆောင်များက မိမိတို့အဖွဲ့တွင်ပါဝင်သော ဌာနဆိုင်ရာများသို့ချိတ်ဆက်ပြီး ပူးပေါင်း ညှိနှိုင်းကြိုတင် ဆောင်ရွက်ရန် ဆွေးနွေးမှာကြားသည်။

 

ထို့နောက် တက်ရောက်လာကြသော ဌာနဆိုင်ရာများက မိမိတို့ဌာနအလိုက် ဆောင်ရွက်ရမည့် အချက်အလက်များကို တင်ပြကြပြီး အစည်းအဝးကို မွန်းလွဲ ၁ နာရီတွင် ရုတ်သိမ်းလိုက်ကြောင်း သတင်းရရှိသည်။

 

(ခရိုင်ပြန်/ဆက်)

mdn