ပဲခူးမြို့၌ တန်ဆောင်မုန်းလပြည့်နေ့ညတွင် နဝမအကြိမ်မြောက် မီးပုံးပျံလွှတ်တင်ပူဇော်ပွဲကျင်းပ

ပဲခူး ၁၂ နိုဝင်ဘာ

ပဲခူးမြို့ ရွှေမော်ဓောဘုရား အနောက်ဘက်မုခ် ယာဉ်ရပ်နားကွင်းအတွင်း၌ နိုဝင်ဘာ ၁၁ ရက် တန်ဆောင်မုန်းလပြည့်နေ့ ည ၇ နာရီက ပဲခူးတိုင်းဒေသကြီး အစိုးရအဖွဲ့နှင့် မြို့မိမြို့ဖများ၊ စေတနာရှင် ပြည်သူများပူးပေါင်း၍ နဝမအကြိမ်မြောက် တန်ဆောင်တိုင်မီးပုံပျံလွှတ်တင်ပူဇော်ပွဲ ကျင်းပခဲ့သည်။

ရှေးဦးစွာ ပဲခူးတိုင်းဒေသကြီးလွှတ်တော်ဥက္ကဋ္ဌ ဦးခင်မောင်ရင်နှင့်ဇနီး၊ စီမံကိန်းနှင့်ဘဏ္ဏာရေးဝန်ကြီး ဦးညွှန့်ရွှေနှင့်ဇနီး၊ စာရင်းစစ်ချုပ် ဒေါ်သန်းသန်းဝင်း၊ ပွဲတော်ဖြစ်မြောက်ရေး နာယကအဖွဲ့ဝင်များက မီးပုံပျံ လွှတ်တင်ပူဇော်ခြင်း အခမ်းအနားအား ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးပြီး ပဲခူးမြို့ပြည်သူများက မီးပုံးပျံ အလုံး (၃၅၀) အား တစ်ပြိုင်တည်း လွှတ်တင်ပေးကြသည်။

မီးပုံပျံ လွှတ်တင်ပူဇော်ရာတွင် နိုဝင်ဘာ ၁၀ ရက် တန်ဆောင်မုန်းလဆန်း ၁၄ ရက် ညပိုင်းကလည်း ပြည်သူများစုပေါင်း၍ မီးပုံပျံအလုံး (၁၅၀) အား တစ်ပြိုင်တည်း စုပေါင်းလွှတ်တင် ပူဇော်ကြ‌ကြောင်း သိရသည်။

ထို့အပြင် ပဲခူးမြို့ပေါ်ရပ်ကွက် အသီးသီးရှိ လမ်းအသီးသီးတွင် ဆီမီးထွန်းခြင်း၊ နိဗ္ဗာန်ဈေး လှူဒါန်းပေးခြင်း၊ စတုဒီသာ ကျွေးမွေးလှူဒါန်းခြင်း၊ နိုင်ငံကျော်တေးသံရှင်များမှ ဖျော်ဖြေတင်ဆက်မှုများနှင့်   အထူးစည်ကားများပြားလျက်ရှိကြောင်း သိရသည်။

တင်စိုး(ပဲခူး)

 

mdn